လှိုင်သာယာမြို့နယ်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလာင်မှုဖြစ်ပွားခဲ့ရာ အဆောင်တွဲ(၄)လုံးနှင့် လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့
သန့်ဇင် (NSS) - အောက်တိုဘာ ၂၉
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၌ ဖယောင်တိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောင်တွဲ(၄)လုံးနှင့် လူနေအိမ်(၂)လုံးတို့ မီးလောင် ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုသည် ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်)၊ ည ၈ နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရှမ်းချောင်းကျေးရွာ၊ အောင်မင်္ဂလာ (၂)လမ်း၌ ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည််။
“စလောင်တာက အဆောင်မှာထွန်းထားတဲ့ ဖယောင်းတိုင်မီးကနေလောင်တယ်လို့တော့ သိရတယ်ဗျ။ အဲဒီကနေ တစ်ဆင့် လူနေအိမ်တွေဆက်လောင်တာပါ” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် အောင်မင်္ဂလာ(၂)လမ်းရှိ အဆောင်တွဲ(၄)လုံးရှိ အဆောင်ခန်းအားလုံးနှင့် လူနေအိမ် (၂)လုံးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုများလည်းရှိခဲ့ကြောင်း သိရသည်။
“မီးကများတယ်ဗျ။ အဆောင်တွဲ (၄)လုံးနဲ့ လူနေအိမ် (၂)လုံးက အကုန်ပြာကျသွားတာ။ မီးသတ်တပ်ဖွဲ့နဲ့ပေါင်းပြီး မီးငြှိမ်းခဲ့တာကို တစ်နာရီလောက် မီးငြှိမ်းလိုက်ရတယ်။ လူထိခိုက်တာတို့တော့ နည်းနည်းရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ၎င်းမီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်နေသော ရန်ကုန်အခြေစိုက်ကုမ္ပဏီတစ်ခုကို ဝင်စီးခဲ့ရာ လူ(၁၀၀)နီးပါး ဖမ်းဆီးရမိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း