ဂါဇာဒေသအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ အစ္စရေးရဲ့လုပ်ရပ်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထပ်မံဝေဖန်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဂါဇာဒေသအပေါ် အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ပိုမိုမြင့်တက်လာနေကြောင်း၊ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဂူတာရက်စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းဝေးမှာ အစ္စရေးနိုင်ငံကို ဝေဖန်ပြစ်တင်ခဲ့ရာ တင်းမာမှုတွေမြင့်တက်လာခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီးက ဂူတာရက်စ်ကို ရာထူးက အမြန်ဆုံးနှုတ်ထွက်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
ဂူတာရက်စ်က "ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေဟာ မကြံစဖူးအောင် မြင့်တက်လာနေတယ်။ အဲဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်မှုတွေက လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့တယ်။ အဲဒီ အတွက်ကြောင့် အပစ်ခတ်ရပ်စဲဖို့ ထပ်မံတိုက်တွန်းတောင်းဆိုပါတယ်" လို့ ပြောပါတယ်။
အစ္စရေးစစ်ဘက်က ဟားမက်စ်အဖွဲ့နဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲဟာ နောက်ထပ်အဆင့်သစ်တစ်ခုကိုရောက်ရှိနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ဂူတာရက်စ်က အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။ အစ္စရေးဟာ အောက်တိုဘာ ၇ ရက်ကတည်းက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို သီတင်းပတ် သုံးပတ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဂူတာရက်စ်က "အခြေအနေတွေဟာ ပြောင်းပြန်ဖြစ်နေတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင် အောင် အပစ်ခတ်ရပ်စဲမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ တောင်းဆိုတိုက်တွန်းပါတယ်။ ပြန်ပေးဆွဲထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုဘေးဒုက္ခဆိုးကြီးဟာ ကျွန်တော်တို့ မျက်စိရှေ့ကို ရောက်ရှိလာခဲ့တယ်" လို့ ပြောပါတယ်။
ကာတာနိုင်ငံဟာ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နဲ့ အစ္စရေးကြား အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်နိုင်ဖို့ ကြားဝင်စေ့စပ့်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးထား
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ