Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာဒေသတွင် ပြုလုပ်နေသော အစ္စရေး၏တိုက်ခိုက်မှုများကိုရပ်တန့်ပြီး အပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ မဲခွဲဆုံးဖြတ်

ဂါဇာဒေသတွင် ပြုလုပ်နေသော အစ္စရေး၏တိုက်ခိုက်မှုများကိုရပ်တန့်ပြီး အပစ်ခတ်ရပ်စဲရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ မဲခွဲဆုံးဖြတ်

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၈ 

ဂါဇာဒေသတွင်ပြုလုပ်သော အစ္စရေး၏ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နှင့် အပစ်ခတ်ရပ်စဲရေးချက်ချင်း လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ညီလာခံအစည်းအဝေးက တိုက်တွန်းတောင်းဆိုလိုက်သည်။ 


အစ္စရေး နှင့် ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေသည့် စစ်ပွဲ ၂၁ ရက်နေ့မြောက်ဖြစ်သော အောက်တိုဘာ ၂၇ ရက်တွင် ကုလသမဂ္ဂညီလာခံအစည်းအဝေးကိုကျင်းပခဲ့ရာ ဂါဇာဒေသတွင်ပြုလုပ်နေသော အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနက် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂ဝ က ထောက်ခံမဲပေးခဲ့ပြီး ကန့်ကွက်မဲ ၁၄ မဲရှိခဲ့ကာ ကြားနေမဲ  ၄၅ မဲ ရှိခဲ့ကြောင်း သိရသည်။

အစ္စရေးအစိုးရကတော့ ကုလသမဂ္ဂညီလာခံအတွင်း မဲခွဲဆုံးဖြတ်မှုရလဒ်များအပေါ် စိတ်ဆိုးဒေါသဖြစ်ကာ ပယ်ချ ထားပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့်ရင်ဆိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

အစ္စရေးသံအမတ်ကြီးဖြစ်သူ ဂီလက်အာဒမ်က "ဒီနေ့ဟာ ကုလသမဂ္ဂအဖွဲ့ နာမည်ပျက်မယ့် နေ့တစ်နေ့ပါ။ ကုလသမဂ္ဂအဖွဲ့ဟာ တရားဝင်မှု ဆက်စပ်မှုတစ်ခုတောင် မရှိတော့ဘူး။ ကုလသမဂ္ဂအဖွဲ့ဟာ ရှက်စရာကောင်းနေ ပါတယ်။ အစ္စရေးနိုင်ငံကတော့ ကိုယ်ကိုယ်တိုင် ခုခံကာကွယ်ပိုင်ခွင့်ရှိတာကို ဆက်လက်အသုံးချသွားမယ်။ ကျွန်တော်တို့ရဲ့အနာဂတ်ကို ကာကွယ်သွားမယ်။ ဟားမက်စ်အဖွဲ့ကို ငရဲဘုံ ပို့ပစ်မယ်။ ဒါမှ ကျွန်တော်တို့ကို နောက်ထပ်တစ်ကြိမ် ဘယ်သူမှ မခြိမ်းခြောက်ရဲတော့မှာပါ" ဟု ပြောသည်။

ဟားမက်စ်အဖွဲ့ကတော့ ပဋိပက္ခများအဆုံးသတ်ရန်အတွက် ကုလသမဂ္ဂအဖွဲ့ကြီး၏ တောင်းဆိုချက်များကို ကြိုဆိုခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးက အစ္စရေး၏ စစ်ရေးဆောင်ရွက်မှု များက ရက်စက်မှုအထွဋ်အထိပ်ကို ရောက်ရှိနေကြောင်း၊ အစ္စရေး၏ ကျူးကျော်မှုများကို ပယ်ချခဲ့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး)အတွင်း ရှမ်းမြောက်ပိုင်းရှိ လုံခြုံရေးစခန်းအချို့ သိမ်းပိုက်ခံခဲ့ရဟုဆို

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved