Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး)အတွင်း ရှမ်းမြောက်ပိုင်းရှိ လုံခြုံရေးစခန်းအချို့ သိမ်းပိုက်ခံခဲ့ရဟုဆို

မြူနစ် (NSS) - အောက်တိုဘာ ၂၈

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇ စစ်ဆင် ရေး) အတွင်း ရှမ်းမြောက်ပိုင်းရှိ လုံခြုံရေးစခန်းအချို့ သိမ်းပိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။


မဟာမိတ်(၃)ဖွဲ့ဖြစ်သော MNDAA၊ TNLA နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် ယမန် နေ့(အောက်တိုဘာလ ၂၇ ရက်)၊ နံနက် အစောပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ကွမ်လုံ၊ နမ့်ခမ်း နှင့် လားရှိုးမြို့တစ်ဝိုက်ရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ (၁၀၂၇ စစ်ဆင်ရေး)ကာလအတွင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA အနေဖြင့် လားရှိုးမြို့နယ်ရှိ တပ်မတော်၏ တိန်းတန်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု TNLA ဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် တိန်းတန်တပ်စခန်းကို သိမ်းပိုက်စဉ် သေနတ် (၁၄)လက်၊ RPG တစ်လက်၊ လက်ပစ်ဗုံး အလုံး(၂၀၀)အပါအဝင် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုလည်း TNLA ဘက်က ပြောသည်။

“လားရှိုးမြို့မှာ ဒီနေ့ တစ်မနက်လုံးတော့ ဘာသံမှ မကြားရဘူး။ အခုနေ့လည်လောက်မှာ လက်နက်ကြီးသံတွေတော့ ပြန်ကြားရတာရှိတယ်။ မနေ့ကည တစ်နာရီ၊ ၂ နာရီလောက်အထိ ပစ်ခတ်သံတွေကြားရတာပေါ့။ ကြားတာတော့ လားရှိုး- မူဆယ်ဘက်ကို သွားလို့ရတယ်ပြောကြတယ်။ ဒါပေမယ့် ချင်းရွှေဟော်ဘက်ကို ပိတ်ထားတယ်ကြားတယ်။ လမ်းပေါ်မှာတော့ သွားတဲ့လာတဲ့သူ သိပ်မရှိဘူးလို့ သိရတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက NSS ကို ပြောသည်။

အလားတူ (၁၀၂၇ စစ်ဆင်ရေး)ကာလအတွင်း နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖတ်ကားလမ်းပေါ်ရှိ (၁၃)မိုင်တပ်စခန်း၊ (၁၂) မိုင်တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ်တာဝါတိုင်တပ်စခန်း) (၃)ခုကိုလည်း သိမ်းပိုက်ခဲ့ကြောင်း TNLA အဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

(၁၀၂၇ စစ်ဆင်ရေး)ကာလအတွင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် ယနေ့(အောက်တိုဘာလ ၂၈ ရက်)တွင် ချင်းရွှေဟော်ဒေသရှိ နမ့်ကျွမ်းတပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း MNDAA အဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ယမန်နေ့တွင်လည်း ချင်းရွှေဟော်ဒေသတစ်ဝိုက် နှင့် ကွမ်လုံကြားရှိ လုံခြုံရေးစခန်းများကို MNDAA အဖွဲ့က တိုက်ခိုက်သိမ်းပိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ကိုးကန့်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး)အတွင်း ၎င်း(၃)ဖွဲ့နှင့်အတူ PDF အဖွဲ့ဝင် အများအပြားကလည်း ပူးပေါင်းကာ တိုက်ခိုက်နေမှုများရှိနေကြောင်း သိရသည်။

ထိုသို့ လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့က သိမ်းပိုက်ထားသည့် လုံခြုံရေးစခန်းအချို့ကို တပ်မတော်လုံခြုံရေးအဖွဲ့ဘက်က ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်မှုများ ရှိနေကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“ညတုန်းက တစ်ညလုံး ကွမ်လုံကို ဝင်တိုက်တယ်။ ချင်းရွှေဟော်က ရာဘာကုန်းစခန်းကို ဝင်တိုက်တယ်။ ဒါပေမယ့် သူတို့တွေ မရသွားပါဘူး။ အခုတော့ ချင်းရွှေဟော်မြို့ရဲ့ တစ်ခြမ်းကိုတော့ တပ်ကပြန်သိမ်းနိုင်ပြီ။ ဟိုဖက်တစ်ခြမ်းပဲ ကျန်တော့တယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များရှိ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများ ပြန်လည်တည်ငြိမ်ရေးအတွက် လုံခြုံရေးအရ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု နစကဘက်က တုံ့ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယုဇနဥယျာဉ်မြို့တော်၌ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးခဲ့

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved