ယုဇနဥယျာဉ်မြို့တော်၌ ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးခဲ့
သန့်ဇင်(NSS) - အောက်တိုဘာ ၂၈
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အနီးတွင် ဆယ်ကျော်သက်အရွယ်အမျိုးသမီးတစ်ဦး မိုးကြိုးစက်ကွင်းထိမှန် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၂၇ရက်)၊ ညနေ ၄နာရီ ၁၅မိနစ်အချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျဉ်မြို့တော်၊ ကျွန်းရွှေဝါလမ်းမကြီး၊ (၁၄)လမ်း C ထိပ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပိတောက်ကွေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကလေး (၆)ယောက်လောက်က မိုးရေထွက်ချိုးပြီး ဆော့နေတာပေါ့။ အဲဒီအချိန်မှာ ပထမတော့ မိုးကြိုးက (၂)လုံး(၃)လုံးလောက် ပစ်နေတာ။ နောက်ဆုံးအလုံးလဲပစ်ပြီးရော ခုလိုဖြစ်သွားတာပေါ့”ဟု ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
၎င်းမိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် အသက်(၁၁)နှစ်အရွယ် သွန်းဝတီကျော်တွင် ယာဘက်ဦးခေါင်းနောက်စေ့ ညိုမည်းစွဲကာ စက်ကွင်းမိပြီး (၃)မိခန့်အကြာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ချက်ချင်းဆိုသလိုပဲပါပဲ။ ကလေးက စက်ကွင်းမိပြီး (၃)မိနစ်အတွင်းမှာပဲ ဆုံးသွားတာပေါ့။ ကလေးရဲ့ ဘယ်ဘက် နောက်စေ့ဆံပင်ထဲမှာ ညှော်နံ့ထွက်ပြီး ညိုမည်းနေတာလေးပေါ့။ ခုလို မိုးကြိုးစက်ကွင်းမိတာက ကလေးလည်းဖြစ်နေတော့ ခံနိုင်ရည် မရှိဖြစ်သွားတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသမီးငယ်အား နီးစပ်ရာဆေးခန်းမှတစ်ဆင့် နေအိမ်သို့ ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်ဒေသများတွင် လာမည့်အောက်တိုဘာလ ၂၉ ရက်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ နီးပါးကို ပြည်တွင်းရတနာကုန်သည်များဝယ်ယူ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း