Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းစစ်ပွဲကို အနောက်အုပ်စုနိုင်ငံများက ငြီးငွေ့နေပြီဖြစ်ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီး ဝန်ခံပြောဆို

Pika (NSS) - အောက်တိုဘာ ၁၆ 

ယူကရိန်းကို ကူညီထောက်ပံ့ပေးနေသော အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့၏ ပြည်တွင်းရေးကိစ္စများ နှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကို အာရုံစိုက်လာသောကြောင့် ယူကရိန်းအတွက် ငွေကြေးထောက်ပံ့မှုများတွင် အခက်အခဲများရှိလာခဲ့ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဆာဂေးမာချန်ကိုက ဝန်ခံပြောခဲ့သည်။


ဆာဂေးမာချန်ကိုက "ကူညီပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်ပေးဖို့ အနောက်အုပ်စုနိုင်ငံတွေကို စည်းရုံးသိမ်းသွင်း ရာမှာ ယူကရိန်းဟာ အရင်ကထက်နှစ်ဆလောက် ပိုမိုအားထုတ်ရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေ ကြားမှာ ငြီးငွေ့မှုတွေ၊ အားနည်းလာတာတွေကို အများကြီးတွေ့မြင်နေရပါတယ်။ သူတို့ဟာ ယူကရိန်းစစ်ပွဲကို မေ့ပစ်ချင်နေပေမယ့် စစ်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေတုန်းပါပဲ" ဟု ပြောခဲ့သည်။

ယူကရိန်းအပေါ် အနောက်အုပ်စုနိုင်ငံများ၏ အာရုံစိုက်မှုနည်းပါးလာရသည့် အဓိကအကြောင်းအရင်းထဲမှ တစ်ခု မှာ အစ္စရေး-ဟားမက်စစ်ပွဲကြောင့်ဖြစ်ကြောင်း ဆာဂေးမာချန်ကိုက ပြောခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲသည်  အရေးကြီးသော စွမ်းအင်ထောက်ပံ့သည့်နိုင်ငံများနှင့် ပို့ဆောင်ရေးလမ်းကြောင်းအတွက် အချက်အချာကျသည့် နေရာတစ်ခုဖြစ်သော အရှေ့အလယ်ပိုင်းဒေသသို့ပျံ့နှံ့လာကာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် ထိခိုက်မှုများရှိ လာမည်ကို နိုင်ငံအများအပြားက စိုးရိမ်နေကြကြောင်းလည်း သိရသည်။ 


ထို့အပြင် လာမည့်နှစ်တွင် ကျင်းပမည့် အမေရိကန်နှင့် ဥရောပရှိနိုင်ငံများ၏ ရွေးကောက်ပွဲများသည် နောက်ထပ် အာရုံထွေပြားစရာကိစ္စတစ်ခုဖြစ်ကြောင်း ဆာဂေးမာချန်ကိုက ပြောကြားခဲ့သည်။ နိုင်ငံအများအပြားရှိ ပထဝီဝင် နိုင်ငံရေးများနှင့် ပြည်တွင်းနိုင်ငံရေးအခြေအနေများသည် ယူကရိန်းအပေါ် ၎င်းတို့၏ အာရုံစူးစိုက်မှုများကို လျော့ကျလာစေကြောင်း ဆာဂေးမာချန်ကိုက ပြောခဲ့သည်။

ယူကရိန်းသည် ၂ဝ၂၄ ခုနှစ်တွင် ၎င်း၏ အမေရိကန်ဒေါ်လာ(၃၄)ဘီလျံ အသုံးစရိတ်လိုအပ်ချက်များကို ကာမိစေရန် အတွက် လက်ရှိအချိန်တွင် အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးအကူအညီများကို လိုအပ်နေကြောင်းလည်း သိရသည်။ ဆာဂေးမာချန်ကိုက "နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အစီအစဉ်ကနေ အမေရိကန်ဒေါ်လာ (၅ ဒသမ ၄) ဘီလျံထောက်ပံ့ပေးဖို့ ကတိပြုထားတာမျိုးတွေရှိပါတယ်။

ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ကလည်း ကတိပြုတာမျိုးတွေ ရှိလာမယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့အဓိကမိတ်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကိုလည်း အားကိုးပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများကို ပိတ်ပင်လိုက်ကြောင်း ရုရှားအစိုးရပြော

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved