ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများကို ပိတ်ပင်လိုက်ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - အောက်တိုဘာ ၁၆
ရုရှားနိုင်ငံသည် ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုများအပေါ် ချမှတ်ထားသော တရုတ်နိုင်ငံ၏ ပိတ်ဆို့အရေးယူ မှုအစီအစဉ်များတွင် ပါဝင်လာခဲ့ကြောင်း ရုရှား၏စိုက်ပျိုးရေးစောင့်ကြည့်ရေးအဖွဲ့ Rosselkhoznadzor က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ပျက်စီးနေသော ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပြီးခဲ့သည့်ဩဂုတ်လတွင် ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ဂျပန်အစိုးရ၏ ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့စွန့်ပစ်မှုကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဂျပန်၏ပင်လယ်စာတင်သွင်းမှုအားလုံး ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ဂျပန်၏ ပင်လယ်စာတင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ကြိုတင်ကာကွယ်မှုအဖြစ် သတ်မှတ်ထားပြီး ပင်လယ်စာများ ဘေးကင်းကြောင်းပြသသည့်သတင်းအချက်အလက်များ မပေးမချင်း အဆိုပါကန့်သတ်ချက်များ ကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ရုရှားဖက်က ပြောခဲ့သည်။ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ရုရှားသို့ ဂျပန်နိုင်ငံ၏ ငါးနှင့် ပင်လယ်စာတင်သွင်းမှု စုစုပေါင်းတန်ချိန်(၁၁၈)တန်ရှိကြောင်း Rosselkhoznadzor က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများအား ပင်လယ်ထဲသို့ ဒုတိယအကြိမ်မြောက်စွန့်ပစ်မှုကို အောက်တိုဘာလ(၅)ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်များ အကြာတွင် ရုရှားဖက်က ယခုကဲ့သို့ ကန့်သတ်ချက်များချမှတ်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်အဖွဲ့ကို ပြစ်တင်ရှုတ်ချရန် အနောက်အုပ်စုနိုင်ငံများ၏ ဖိအားပေးမှုများကို သဘောမတူကြောင်း မလေးရှားဝန်ကြီးချုပ် ထုတ်ဖော်ပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ