Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးနိုင်ငံသားဓါးစာခံများ ပြန်မလွှတ်ပေးမချင်း ဂါဇာပိတ်ဆို့မှုကို ရုတ်သိမ်းပေးဖို့ အကြောင်းမရှိဟု အစ္စရေးတုံ့ပြန်

Htay Oung (NSS) - အောက်တိုဘာ ၁၃ 

အစ္စရေးရဲ့ဂါဇာကမ်းမြှောင်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုမှာ  ပါလက်စတိုင်းဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဒုက္ခသည်အေဂျင်စီ UNRWA မှ ၀န်ထမ်း ၁၁ ဦး သေဆုံးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ဝင် ၅ ဦးတို့လည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုတယ်လို့ Reuters က အောက်တိုဘာလ  ၁၂ ရက်က ရေးသားခဲ့ပါတယ်။

"ဂါဇာကမ်းမြှောင်မှာ ဖြစ်ပွားနေတဲ့ပဋိပက္ခအတွင်း အောက်တိုဘာ ၇ ရက် နောက်ပိုင်း သေဆုံးခဲ့သူ UNRWA လုပ်ဖော်ကိုင်ဖက် ၁၁ ဦးရှိကြောင်း အတည်ပြုရတဲ့အတွက်  အလွန်ဝမ်းနည်းမိပါကြောင်း၊ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


သေဆုံးသူတို့ဟာ ပါလက်စတိုင်းလူမျိုး (သို့မဟုတ်) နိုင်ငံရပ်ခြားအမှုထမ်းများ ဟုတ်-မဟုတ် အတိအကျဖော်ပြထားခြင်း မရှိပေမယ့် UNRWA မှ ဦးစီးဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများမှ ကျောင်းဆရာ/ဆရာမ ၅ ဦး၊ မီးယပ် သားဖွားတစ်ဦး၊ အင်ဂျင်နီယာတစ်ဦး၊ စိတ်ပိုင်းဆိုင်ရာအကြံပေးတစ်ဦးနှင့် ပံ့ပိုးကူညီရေးဝန်ထမ်း သုံးဦးတို့ ပါဝင် တယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံးရသူ အချို့ဟာ မိသားစုတွေနဲ့ အတူရှိနေစဉ် သူတို့ရဲ့နေအိမ်တွေမှာ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ ဆုံးရှုံးမှုအတွက် UNRWA အနေနဲ့ မိသားစုများနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားပါတယ်။


အပြည်ပြည်ဆိုင်ရာကြက်ခြေနီနဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ကလည်း  ၎င်းတို့ရဲ့အဖွဲ့ဝင် ၅ ဦးတို့ ဟာ ဂါဇာမှာ လေးဦးနဲ့ အစ္စရေးနိုင်ငံအတွင်းမှာ တစ်ဦးတို့ သေဆုံးခဲ့ကြောင်း၊ ဂါဇာဒေသအတွင်း လူနာတင်ယာဉ်တိုက်ခိုက်ခံရမှု သီးခြားဖြစ်ရပ်နှစ်ခုမှာ  ပါလက်စတိုင်း လခြမ်းနီ ဆေးဘက်ဆိုင်ရာဝန်ထမ်းလေးဦးတို့ သေဆုံးခဲ့ရ ခြင်းဖြစ်တယ်လို့ IFRC က ပြောပါတယ်။  

စနေနေ့  ဒဏ်ရာရသူများကို ကုသဖို့ လူနာတင်ယာဉ်ကို မောင်းနှင်နေစဉ် အစ္စရေးနိုင်ငံ အမျိုးသား အရေးပေါ်ဝန်ဆောင်မှုဌာနမှ ယာဉ်မောင်းသူ၀န်ထမ်းတစ်ဦးအသက်ဆုံးရှုံးရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ဂါဇာကမ်းမြှောင်ဒေသရှိ UNRWA က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၈၈ ကျောင်းတို့မှာ ဒေသတွင်း အိုးအိမ် စွန့်ခွာထွက်ပြေးရသူ ၁၇၅,၅ဝဝ နီးပါးတို့ ခိုလှုံနေကြတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာဒုက္ခသည်များ ကယ်ဆယ်ရေးနဲ့ ကူညီဆောင်ရွက်ရေးအေဂျင်စီက ဆိုပါတယ်။

အစ္စရေးလေတပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်နေတာကြောင့် အချိန်နဲ့အမျှ ထိခိုက် သေဆုံးသူအရေအတွက် တိုးမြင့်လာနေတယ်လို့ ပြောပါတယ်။

UNRWA ဝန်ထမ်းတွေဟာ ခိုလှုံရေးစခန်းများရှိ အိုးမဲ့အိမ်မဲ့များရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့အတွက်  ၂၄ နာရီပတ်လုံး ကူညီဆောင်နေကြောင်း၊ ဒါပေမယ့် စခန်းအချို့မှာ လူပြည့်ကျပ်နေပြီး အစားအစာ၊ အခြား အခြေခံ လူသုံးပစ္စည်းများနဲ့ သောက်သုံးရေရရှိနိုင်မှုဟာ အကန့်အသတ်ဖြစ်လာနေကြောင်း သိရှိရပါတယ်။


ပထမ အာရပ်-အစ္စရေးစစ်ပွဲအပြီး ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ UNRWA ဟာ ဂါဇာကမ်းမြောင်ဒေသ၊ အနောက်ဘက်ကမ်း၊ ဂျော်ဒန်၊ ဆီးရီးယားနဲ့ လက်ဘနွန်တို့မှာ ဒုက္ခသည်များရဲ့ကျောင်းပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အပါအဝင် အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း တိုက်ရိုထိမှန်တဲ့ စာသင်ကျောင်းနှစ်ကျောင်းရှိပြီး ပဋိပက္ခကြောင့် ထိခိုက်ခံစားရ တဲ့ အဆောက်အဦအရေအတွက်မှာ ၂ဝ အထိ ရှိလာခဲ့ကြောင်း UNRWA က ပြောပါတယ်။

ကြက်ခြေနီအဖွဲ့သည် ဆေးရုံအပြည့်ဖြစ်နေတဲ့ လူနာအများ တဖြုတ်ဖြုတ်သေဆုံးနေရခြင်းကို တားဆီးရန်အတွက် ဂါဇာဒေသအတွင်း  လောင်စာဆီဝင်ရောက်ခွင့်ပြုရန် အပြည်ပြည်ဆိုင်ရာကြက်ခြနီအဖွဲ့က မေတ္တာရပ်ခံလိုက်ပါ တယ်။ ဒါပေမယ့် ဓါးစာခံအဖြစ် ဖမ်းဆီးခံနေရတဲ့ မိမိနိုင်ငံသား ပြန်လည်လွတ်မြောက်မလာမချင်း ဝိုင်းပတ် ပိတ်ဆို့မှုကို လူသားချင်းစာမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ဖျက်သိမ်းပေးရန် မရှိကြောင်း ကြာသပတေးမှာ အစ္စရေး က ပြန်ကြားလိုက်တယ်လို့ လန်ဒန်အခြေစိုက်အာရဗီဘာသာ Asharq Al Awsat သတင်းအေဂျင်စီက ယနေ့ ရေးသားခဲ့ပါတယ်။

ဂါဇာရှိ တစ်ခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပိတ်ထားရပြီး ဆေးရုံများမှ အရေးပေါ်ဂျင်နရေတာ များအတွက် လောင်စာဆီများ ကုန်ခမ်းသွားပြီဖြစ်ပါတယ်။ အကျပ်အတည်းတိုးမြင့်လာမှုကြောင့် လူသားတွေ ရင်ဆိုင်နေရတဲ့ စိတ်ဆင်းရဲမှုတွေဟာ ရွံရှာဖွယ်ဖြစ်ပြီး အရပ်သားများအပေါ် ဆင်းရဲဒုက္ခကို လျှော့ချပေးရန် နှစ်ဖက်စလုံးကို  မေတ္တာရပ်ခံကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီရဲ့ဒေသဆိုင်ရာဌာနက ကြာသပတေးနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။


ဂါဇာကမ်းမြောင်ဒေသမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတာကြောင့် ဆေးရုံတွေမှာ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာနေကြောင်း၊ မွေးကင်းစ ကလေးငယ်များကို အနွေးဓါတ်ပေးရန်နဲ့ သက်ကြီးရွယ်အို လူနာများ အတွက် အောက်ဆီဂျင်ပေးကုသရာမှာ အန္တရာယ်ဖြစ်လာကြောင်း၊ ကျောက်ကပ်ဆေးကြောခြင်းကို  ရပ်တန့်ထား ရပြီး ဓာတ်မှန်ရိုက်နိုင်ခြင်း မရှိတော့ကြောင်း၊ လျှပ်စစ်မီး မရရှိခဲ့လျှင် ဆေးရုံတွေဟာ ရင်ခွဲရုံအဖြစ်  ပြောင်းလဲသွား နိုင်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မိမိနိုင်ငံသားဓားစာခံများ လွတ်မြောက်ခြင်းမရှိသရွေ့ ဝိုင်းရံပတ်ဆို့ထားမှုမှာ ခြွင်းချက်မရှိ ကြောင်း အစ္စရေးစွမ်းအင်ဝန်ကြီးက ပြောဆိုတယ်လို့ ယနေ့ အောက်တိုဘာလ ၁၃ ရက်မှာ ရိုက်တာသတင်းတစ်ပုဒ် မှာ ဖော်ပြထားပါတယ်။

"ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေတဲ့လား။ အစ္စရေး ဓားစာခံတွေ အိမ်ပြန် မရောက်မချင်း လောင်စာဆီထရပ်ကား ဝင်လာမှာ မဟုတ်ပါကြောင်း၊ လျှပ်စစ်မီးခလုပ်ကို နှိပ်လို့ရမှာ မဟုတ်သလို ရေဘုံပိုင်များလည်း ဖွင့်နိုင်မှာ မဟုတ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုတာ လူစိတ်ရှိသူများအတွက် ဖြစ်ပြီး၊  ကျွန်ုပ်တို့အတွက် ဘယ်သူကမှ ကိုယ်ကျင့်အဘိဓမ္မာတွေနဲ့ တရားချမနေသင့်ကြောင်း အစ္စရေးစွမ်းအင် ဝန်ကြီး အေရီယယ်_ကာ့ဇ်က သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်

ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်ဟာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ရောက်ရှိလာတယ်လို့ ရိုက်တာရဲ့အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

#အစ္စရေးလေကြောင်းတိုက်ခိုက်မှု #ဂါဇာကမ်းမြှောင် #အပြည်ပြည်ဆိုင်ရာကြက်ခြေနှီနှင့်လခြမ်းနီ 

#ကုလသမဂ္ဂပါလက်စတိုင်းဆိုင်ရာဒုက္ခသည်အေဂျင်စီ #နိုင်ငံခြားရေး၀န်ကြီးအန်သိုနီဘလင်ကင်


(Reuters., 12 October 2023,” 11 UN Refugee Agency Workers Killed In Israeli Air Strikes On Gaza” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းပြည်နယ်မှ ရန်ကုန်သို့ သယ်ဆောင်လာသော ငွေကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ Happy Water များကို လမ်းခုလတ်၌ ဖမ်းဆီးရမိ

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved