ရှမ်းပြည်နယ်မှ ရန်ကုန်သို့ သယ်ဆောင်လာသော ငွေကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ Happy Water များကို လမ်းခုလတ်၌ ဖမ်းဆီးရမိ
Pearl (NSS) - အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်လာသော ငွေကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ Happy Water များကို လမ်းခုလတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါမူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်၊ ည ၁၀ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါ ကျေးရွာအနီးတွင် ခရီးသည်တင် Express မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မထူးမြတ်နေ့သွယ် နှင့် နှင်းဝေဖြိုးတို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း(၅ဝဝ) ကျော်ခေါ်ယူ
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ