အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း(၅ဝဝ) ကျော်ခေါ်ယူ
စော(NSS) - အောက်တိုဘာ ၁၃
အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၅၅၀)ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ယနေ့(အောက်တိုဘာလ ၁၃ ရက်) တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်ရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် လစ်လပ်လျက်ရှိနေသော ရာထူးနေရာ (၅၅၀)အတွက် ဝန်ထမ်းများခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ရာထူးနေရာ (၅၅၀)အနက် BE( Civil, EC, EP, Mech, IT, MC) ရရှိထားသူ နည်းပြ (၂၁၅)ဦး အပြင် B.Com/ B.Econ(ECO)/ B.Act မဟာဘွဲ့တက်ရောက်ရန် အရည်အချင်းရှိသူ နည်းပြ (၁၀)ဦး နှင့် B.A/ B.SC (Myan, Eng, Math, Phys, Chem) မဟာဘွဲ့တက်ရောက်ရန် အရည်အချင်းရှိသူ နည်းပြ (၇၅)ဦး တို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ AGTI (Civil, EC, EP, Mech, IT) ဒီပလိုမာ လက်မှတ်ရရှိထားသူ စက်မှုကျွမ်းကျင် (၄)ရာထူးအတွက် (၁၅၀)ဦး နှင့် GTHS (BT,EcT, ET, AMT, MT, IT, RACT) သင်တန်းဆင်းလက်မှတ်ရရှိထားသူ စက်မှုကျွမ်းကျင် (၅)ရာထူးအတွက် (၁၀၀)ဦးတို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာပုံစံများကို ကြေညာချက်ထုတ်ထားသည့်နေ့မှစ၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ Website တွင် Download လုပ်၍ ရယူနိုင်ကြောင်း နှင့် နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာများကို နိုဝင်ဘာလ (၁၁)ရက် နောက်ဆုံးထား၍ နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းများတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-13/ 11:45 AM)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း