အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-13/ 11:45 AM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၃
ဗြိတိန်အစိုးရဟာ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် မြေထဲပင်လယ်ဒေသအရှေ့ဘက်ပိုင်းကို စစ်သင်္ဘောနှစ်စင်း၊ ထောက်လှမ်းရေးလေယာဉ်တွေ စေလွှတ်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးရုံးက ပြောသည်။
ဗြိတိန်ဝန်ကြီးချုပ် ဆူနက်က "အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်တင်းမာမှုတွေ တားဆီးဖို့ နဲ့ ဒေသအတွင်း တည်ငြိမ်စေဖို့မဟာမိတ်နိုင်ငံတွေနဲ့အတူ ကမ္ဘာအဆင့်မီစစ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်" ဟု ပြောသည်။
ပြင်သစ်သမ္မတ မက်ခရွန်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ် နှင့် အစ္စရေးနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ပြင်သစ်နိုင်ငံသား ၁၃ ဦး သေဆုံးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ပြင်သစ်အစိုးရအနေဖြင့် အစ္စရေး နှင့် ပါလက်စတိုင်းစစ်ပွဲထဲတွင် ပိတ်မိနေသည့် ပြင်သစ်နိုင်ငံသား ၁၇ ဦးကို ပြန်လည်ခေါ်ယူနိုင်ရန် အရာရာတိုင်း လုပ်ကိုင်သွားမည်ဟု သမ္မတမက်ခရွန် က ပြောသည်။
အစ္စရေးတပ်ဖွဲ့များ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၄၂၃ဝဝဝ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂကပြောသည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် ပိုမိုတိုးလာနေပြီး နောက်ထပ် လူပေါင်း ၈၄၄၄၄ ဦးနေရပ် စွန့်ခွာခဲ့ရတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရသူ ၄၂ဝဝဝဝ ကျော်အထိ မြင့်တက်သွားခဲ့တာဖြစ် ကြောင်း ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့က ပြောပါတယ်။
ကမ္ဘောဒီးယားအစိုးရ နဲ့ အစ္စရေးအာဏာပိုင်တွေဟာ အန္တရာယ်ဖြစ်နိုင်ချေများတဲ့ ဂါဇာဒေသအတွင်းမှာပိတ်မိနေတဲ့ ကမ္ဘောဒီးယားကျောင်းသား ၁၃၁ ဦးကိုဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ကမ္ဘောဒီးယားကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဟားမက်စ်အဖွဲ့ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ထွက်ပေါ် နေတဲ့သတင်းတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ဟားမက်စ်အဖွဲ့ အသုံးပြုနေတဲ့လက်နက်တွေဟာ မြောက်ကိုရီးယားနိုင်ငံ ထုတ်လက်နက်တွေဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အသုံးပြုနေတဲ့ ရော့ကက်လောင်ချာတွေဟာ မြောက်ကိုရီးယားနိုင်ငံက ပေးပို့တဲ့လက်နက်တွေဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကို အကြမ်းဖက်အဖွဲ့က ထပ်မံမိုင်းခွဲဖျက်ဆီး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း