တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကို အကြမ်းဖက်အဖွဲ့က ထပ်မံမိုင်းခွဲဖျက်ဆီး
Pearl (NSS) - အောက်တိုဘာ ၁၃
တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များကို အကြမ်းဖက်အဖွဲ့က ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၃ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သဲဖြူရွာသစ်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါသဲဖြူရွာသစ်ကျေးရွာအနီး တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အမှတ်(၂၂၃)အား KNU ၊ PDF အဖွဲ့ဝင်များက ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ၎င်းတာဝါတိုင်သည် အနည်းငယ်တိမ်းစောင်းခဲ့ပြီး ဆက် လက်စစ်ဆေးခဲ့ရာ လျှပ်စစ်တာဝါတိုင်အမှတ် (၂၂၂) အောက် ခြေတိုင် ၃ ခု၌ အကြမ်းဖက် သမားများက ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်ဆင်ထားပြီး ဖောက်ခွဲရန်ပြုလုပ်ထားသည်ကို ထပ်မံတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါလျှပ်စစ်တာဝါတိုင်များသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်က KNU ၊ PDF အဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲ၍ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ထားသည့် လျှပ်စစ်တာဝါတိုင်များဖြစ်ကြောင်း သိရသည်။
ထိုသို့ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရပ်သားအားလုံးကို ဂါဇာမြို့ထဲကနေ ၂၄ နာရီအတွင်း အမြန်ဆုံးထွက်ခွာဖို့ အစ္စရေးစစ်ဘက် တောင်းဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ