အရပ်သားအားလုံးကို ဂါဇာမြို့ထဲကနေ ၂၄ နာရီအတွင်း အမြန်ဆုံးထွက်ခွာဖို့ အစ္စရေးစစ်ဘက် တောင်းဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၃
အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့အတွင်းမှာရှိနေတဲ့ အရပ်သားအားလုံးကို မြို့ထဲကနေ ၂၄ နာရီအတွင်း အမြန်ဆုံးထွက်ခွာဖို့ အောက်တိုဘာ ၁၃ ရက်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အစ္စရေးစစ်တပ်ဟာလက်ရှိအချိန်မှာ လူဦးရေ ၁ သန်းကျော်ရှိနေတဲ့ ဂါဇာမြို့ကို လေကြောင်းက ဗုံးကြနေခဲ့ပြီး မကြာမီ မြေပြင်ထိုးစစ်ဆင်နွဲမှုတွေလုပ်ဆောင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က "လက်ရှိအချိန်ဟာ စစ်ပွဲဖြစ်နေတဲ့အချိန်ဖြစ်တယ်" လို့ ပြောပါတယ်။
အစ္စရေးစစ်လေယာဉ်တွေဟာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း လာမယ့် ရက်ပိုင်းအတွင်း ဂါဇာမြို့ထဲကို သိသာတဲ့ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်တော့မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ အရပ်သားတွေဟာ နောက်ထပ်ကြေညာချက်တစ်ခု မထုတ်ပြန်ခင်အချိန်အထိ ဂါဇာမြို့ထဲကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းရတော့မှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ကုလသမဂ္ဂကကတော့ အစ္စရေး စစ်တပ်ရဲ့ပြောဆိုချက်တွေကို ဝေဖန်ပြစ်တင်ထားပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီအခက်အခဲများစွာ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။
ဟားမက်စ်အဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ ဂါဇာမြို့နဲ့ပတ်သက်ပြီး သတိပေးချက်တွေက မှားယွင်းတဲ့ ဝါဒဖြန့်ချိမှု တွေသာဖြစ်ကြောင်း၊ ဒေသခံတွေကို ထွက်သွားခြင်းမျိုး မလုပ်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
အစ္စရေးဟာ ၎င်းတို့နိုင်ငံအပေါ် အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဆန္ဒရှိနေပြီးတိုက်ပွဲတွေမှာ ဖမ်းဆီးခံထားရသူတွေကို ပြန်ကယ်ထုတ်နိုင်ဖို့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့တွေနဲ့ မြေပြင်ထိုးစစ်ဆင်နွဲ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းအထိ အစ္စရေးနိုင်ငံ သား ၁၃ဝဝ ဦး၊ ပါလက်စတိုင်း ၁၅ဝဝ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ လက်ရှိအချိန်မှာ ဂါဇာကမ်းမြောင်ဒေသကို ဝန်းရံပိတ်ဆို့ထားပြီး မီးဖြတ်၊ ရေဖြတ်၊ အစားစာ နဲ့ ဆေးဝါးပစ္စည်းထောက်ပံ့ခြင်းများဖြတ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ယာကပ်ယာဉ်မောင်းစနစ်နှင့်မကိုက်ညီသော ပဲခူးတိုင်းအခြေပြု အဝေးပြေးယာဉ်များအား ရန်ကုန်တိုင်းအတွင်းသို့ ဝင်ခွင့်မပြုဟု YRTC ဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း