လာမည့်နှစ်နှင့် ယခုနှစ်အတွက် ဘတ်ဂျက်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၄၂)ဘီလျံ လိုအပ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၂
ယူကရိန်းသည် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့်ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုအားလုံးကို ပြန်လည် တည်ဆောက်ရန် နှင့် ကြီးမားသော ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းနိုင်ရန်အတွက် ယခုနှစ်နှင့် လာမည့်နှစ်တွင် ဘတ်ဂျက်ထောက်ပံ့မှု အမေရိကန်ဒေါ်လာ(၄၂)ဘီလျံခန့် လိုအပ်မည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ပြောကြားခဲ့သည်။
Denys Shmyhal သည် မော်ရိုကိုနိုင်ငံ Marrakech မြို့တွင် ကျင်းပသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့၏ အစည်းအဝေးအတွင်း ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကို အကူအညီများ ပေးအပ်ရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ယူကရိန်း၏ ဘတ်ဂျက်လိုငွေပြမှုသည် ယခုနှစ်တွင် နိုင်ငံ GDP ၏ (၂ဝ)ရာခိုင်နှုန်းရှိပြီး ၂ဝ၂၄ ခုနှစ်တွင် (၂၁) ရာခိုင်နှုန်းထိ ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Denys Shmyhal က "ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေအားလုံးထံကနေ ကူညီထောက်ပံ့ပေးမှုတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကူညီပံ့ပိုးမှုတွေ ရခဲ့ မယ်ဆိုရင် ယူကရိန်းအစိုးရအနေနဲ့ ပင်စင်လစာတွေပေးနိုင်မှာဖြစ်သလို ဆရာဝန်တွေနဲ့ ကျောင်းဆရာတွေကို လစာတွေ ပေးအပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် နေအိမ်ပျက်စီးသွားတဲ့သူတွေကို လည်း ကူညီပေးနိုင်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။
ကမ္ဘာ့ဘဏ်သည် ယူကရိန်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များကို အကဲဖြတ်နေပြီး အဆိုပါအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ(၁၄)ဘီလျံ လိုအပ်မည်ဖြစ်ကြောင်း Denys Shmyhal က ပြောကြား ခဲ့သည်။
ယူကရိန်းနိုင်ငံအတွက် အဓိကအရေးကြီးဆုံးအချက်မှာ အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန် နှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အပါအဝင် စီးပွားရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီအစဉ်များဖြစ်ကြောင်း Denys Shmyhal က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ လျှပ်စစ်ဓါတ်အား ကုန်ကျစရိတ်မှာ ဗြိတိန်နိုင်ငံထက် ဆယ်ဆပိုမိုနည်းပါးကြောင်း ရုရှားထိပ်တန်းဘဏ်လုပ်ငန်းရှင်တစ်ဦးပြော
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ