ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမက်အပေါ်တိုက်ခိုက်မှုတွေက အစပဲရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁ဝ
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟာမက်အုပ်စုအပေါ် တိုက်ခိုက်နေခြင်းတွေဟာ အခုမှ အစပဲရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟာမက်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအပေါ် ကြိုတင်သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ အစ္စရေးနဲ့ ဟာမက်အဖွဲ့ကြား စစ်ပွဲတွေ စတင်ခဲ့ပါတယ်။ အစ္စရေးဟာ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက ဂါဇာကမ်းမြောင်ဒေသကို ရေဖြတ်၊ မီးဖြတ်၊ အစားအစာဖြတ်၊ အင်တာနက်ဖြတ်တောက်မှု စတဲ့ ဖြတ်လေးဖြတ် အပါအဝင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဒါ့အပြင် အစ္စရေးစစ်တပ်ဟာ အစ္စရေးနဲ့ ဂါဇာနယ်စပ်ဒေသမှာ တိုက်ခိုက်ရေးတပ်ရင်းပေါင်း ၃၅ ရင်း ဖြန့်ကြတ် ချထားခဲ့ရာ ဂါဇာဒေသအပေါ် အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေက ပိုမိုကြီးမားလာဖွယ်ရှိနေကြောင်း သိရပါတယ်။
အစ္စရေးဟာ ဟာမက်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မယ့်စစ်ပွဲမှာ ပါဝင်စေဖို့ ဥရောပမှာရှိနေတဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေကို လေယာဉ်များနဲ့ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။
အစ္စရေးသတင်းဌာနက " အစ္စရေးစစ်တပ်ဟာ C-130 နဲ့ C-130J အမျိုးအစားလေယာဉ်တွေတွေကို ဥရောပတိုက်ရှိ နိုင်ငံအသီးသီးကို စေလွှတ်ခဲ့တယ်။ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူဖို့ စေလွှတ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
အစ္စရေး ရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်း ၁၈၇ဝဝဝ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ အရေအတွက် ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ နေရပ်စွန့်ခွာခဲ့ရသူ ၁၉ဝဝဝဝ ကျော်အနက် ၁၃၇၅ဝဝ ကျော်ဟာ ကုလသမဂ္ဂစာသင်ကျောင်းပေါင်း ၈၃ ခုမှာ စစ်ဘေးရှောင်နေထိုင်နေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓာတ်အားပေးစက်များ လည်ပတ်ချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားသင့်ဟုဆို
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ