ဓာတ်အားပေးစက်များ လည်ပတ်ချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားသင့်ဟုဆို
စော(NSS) - အောက်တိုဘာ ၁၀
ဓာတ်အားပေးစက်များ လည်ပတ်ချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်ထားသင့်ကြောင်း ဝန်ကြီး ဦးဉာဏ်ထွန်းက တိုက်တွန်းထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့(အောက်တိုဘာလ ၉ ရက်)တွင် ကျောက်တန်းမြို့နယ်၊ သာကေတမြို့နယ်၊ အလုံမြို့နယ်တို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ချိန်တွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စက်ရုံများသည် Build Operate Transfer(BOT) စနစ် နှင့် Build Operate Own (BOO)စနစ်ဖြင့် ဆောင်ရွက်နေသည့် စက်ရုံများဖြစ်ခြင်းကြောင့် လွှဲပြောင်းချိန်၌ မောင်းနှင်နိုင်ရေးကို ယခုအချိန်မှစ၍ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိစေရေးကို ဆောင်ရွက်သွားကြရန်လိုကြောင်း ဝန်ကြီးဦးဉာဏ်ထွန်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားပေးစက်များ စွမ်းအားပြည့် လည်ပတ်သည့်အချိန်တွင် ပြင်ဆင်ရခြင်းမျိုးမရှိစေရန် အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည့် စက်အရန်ပစ္စည်းများကိုလည်း အသင့်ကြိုတင်စုဆောင်းထားရှိရန်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
အရန်စက်များထားရှိခြင်းဖြင့် စက်များချွတ်ယွင်းမှုဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်မည်ဖြစ်ပြီး စက်ရုံများ အသစ်မတည်ဆောက်နိုင်သည့်အချိန်တွင် ရှိပြီးသား စက်ရုံများကို ပျက်စီးမှုမရှိစေရန် စနစ်တကျ ပြုပြင်မောင်းနှင်ရန်လိုအပ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြစ်တွယ်ကြီးထွားနေသော တရားမဝင်ကုန်သွယ်မှုများကို ပြင်းပြင်းထန်ထန် အရေးယူရမည်ဟု ဒုတပ်ချုပ် သတိပေး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း