လမ်းဘေးတောစပ်တွင် မှိုရှာနေသည့် ကလေးတစ်ဦး မိုင်းနင်းမိ၍သေဆုံးမှု လားရှိုးမြို့နယ်၌ဖြစ်ပွား
NSS - ဩဂုတ် ၅
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် လမ်းဘေးတောစပ်၌ မှိုလိုက်ရှာသည့် အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦး မိုင်နင်းမိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၃ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် လားရှိုးမြို့နယ်၊ တောင့်တလောင့်ကျေးရွာ၏ အနောက်ဘက် လမ်းဘေးတောစပ်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
သေဆုံးသူကလေးငယ်သည် ၎င်း၏မိဘများနှင့်အတူ ကျေးရွာအနောက်ဘက်ရှိ တောင်ယာသို့အသွား လမ်းဘေးတောစပ်၌ မှိုရှာနေစဉ် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် တောင်တလောင့်ကျေးရွာတွင် နေထိုင်သူ မောင်ထွန်းအေး(၁၁)နှစ်တွင် ဝဲချိုင်းအောက်နှင့် ယာခြေထောက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား-ယူကရိန်းပဋိပက္ခအဆုံးသတ်စေရန်အတွက် ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
19 Nov 2024 | မှုခင်း,ပြည်တွင်း
19 Nov 2024 | မှုခင်း,ပြည်တွင်း