Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှား-ယူကရိန်းပဋိပက္ခအဆုံးသတ်စေရန်အတွက် ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော

Pika (NSS) - ဩဂုတ် ၅

ဆော်ဒီအာရေးဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲအတွင်း ရုရှား-ယူကရိန်းပဋိပက္ခ လျင်မြန်စွာအဆုံးသတ်စေရန်အတွက် အကောင်ဆုံးကြိုးပမ်းသွားမည်ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။


တရုတ်နိုင်ငံ၏ ဥရောပနှင့်အာရှရေးရာ အထူးကိုယ်စားလှယ် Li Hui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဆော်ဒီအာရေးဗျနိုင်ငံတွင်ကျင်းပသော ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက"ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရဖြေရှင်းနိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နိုင်ဖို့နဲ့အတူ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့  အဆင်သင့်ရှိနေပါတယ်"ဟုပြောဆိုခဲ့သည်။

ဩဂုတ်လ(၅)ရက်နှင့်(၆)ရက်တို့တွင် ဆော်ဒီအာရေးဗျနိုင်ငံ၌ ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို နိုင်ငံပေါင်း(၃၀)ခန့်တက်ရောက်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲတွင် အမေရိကန်၊ ဗြိတိန်၊ တောင်အာဖရိက နှင့် ပိုလန်နိုင်ငံတို့လည်း ပါဝင်တက်ရောက်နိုင်ဖွယ်ရှိနေသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရုရှားဘက်ကအဆင်သင့်ရှိကြောင်း ပြောဆိုထားသော်လည်း ဆော်ဒီအာရေးဗျတွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ရုရှားပါဝင်မည်မဟုတ်ကြောင်းလည်းသိရသည်။

တရုတ်နှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ဆော်ဒီအာရေးဗျသည် ဆွေးနွေးပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရွေးချယ်ခံခဲ့ရကြောင်း အမည်မသိသံတမန်များကို ကိုးကားပြီး Wall Street Journal ကဖော်ပြခဲ့သည်။ အိန္ဒိယ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ အီဂျစ် နှင့် မက္ကဆီကို စသည့်နိုင်ငံများသည်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် ဖိတ်ကြားခြင်းကိုခံခဲ့ရကြောင်းသိရသည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ယူကရိန်းပဋိပက္ခအဆုံးသတ်ရန်အတွက် အချက်(၁၂)ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်ကိုပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် တင်ပြခဲ့ကြောင်းသိရသည်။

တရုတ်၏ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ရုရှားဘက်ကလက်ခံခဲ့သော်လည်း ယူကရိန်းနှင့်အနောက် အုပ်စုနိုင်ငံများက လက်ခံခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ အမေရိကန်နှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးခြင်းဖြင့် ပဋိပက္ခကို ပိုမိုရှည်ကြာအောင် လုပ်ဆောင်နေကြောင်း ရုရှားဘက်က အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့သည်။ ထို့ပြင်ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးခြင်းသည် သွေးထွက်သံယိုမှုများ ပိုမိုဖြစ်ပွားလာအောင်သာလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရုရှားဘက်က သတိပေးပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘာစီလိုနာအသင်းအနေဖြင့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူလိုပါက သင့်လျော်သောကမ်းလှမ်းမှုလုပ်ရမည်ဟု မန်စီးတီးနည်းပြပြော

RELATED POSTS
RECENT POSTS
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved