Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိုကီနာဝါကျွန်းပေါ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို နှင်ထုတ်၊ ဖယ်ရှားဖို့ ဂျပန်ပြည်သူထောင်ချီ ဆန္ဒပြတောင်းဆို


ဂျန်ဇက် (NP News) - မေ ၁၅

ဂျပန်ပြည်သူထောင်ချီဟာ အိုကီနာဝါကျွန်းရှိ ကာဒီနာ လေတပ်အခြေစိုက်စခန်းနားမှာ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

ဂျပန်ပြည်သူတွေဟာ အိုကီနာဝါကျွန်းကို အမေရိကန်တပ်ဖွဲ့များ သိမ်းပိုက်ခြင်းကို ဆန့်ကျင်မှုအဖြစ် ဆန္ဒပြခဲ့ခြင်း ဖြစ်သလို အမေရိကန်တပ်ဖွဲ့တွေကို ကျွန်းအတွင်းကနေ နှင်ထုတ်သွားဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးပြီးတရုတ်ကို ရန်စသလိုမျိုး လုပ်ဆောင်နေရာ ဒေသအတွင်းတင်းမာမှုတွေ ဖြစ်ပွားလျက်ရှိနေချိန်မှာ ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါကျွန်းမှာ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်နေတဲ့စခန်းများမှ ထုတ်လုပ်တဲ့ဓါတုပစ္စည်းများကြောင့် လေထု ညစ်ညမ်းမှုများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါကျွန်းပေါ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ကျူးလွန်မှုများကြောင့် ရာဇဝတ်မှုများမြင့်တက်နေသလို အဓမ္မပြုကျင့်မှုများ၊ လူသတ်မှုများ၊ ခိုးဆိုးမှုများ မြင့်တက် လျက်ရှိနေကြောင်းသိရပါတယ်။

အိုကီနာဝါကျွန်းရှိ အုပ်ချုပ်ရေးမှူး ဒန်နီတာမာကီက အဆိုပါကျွန်းပေါ်မှာ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်မှုများ ကိုလျော့ချဖို့ အမေရိကန်နဲ့ဂျပန်အစိုးရတို့ကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။ အဆိုပါကျွန်းပေါ်ရှိ နေရာအားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းက အမေရိကန်စစ်ဘက်အခြေစိုက်စခန်းများဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ အမေရိကန်တို့ရဲ့စစ်ရေးလှုပ်ရှားမှုများ တိုးလာခြင်းတွေဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အားပြိုင် မှုတွေကြား အဓိကပြဿနာတစ်ရပ်ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က အိုကီနာဝါကျွန်းမှာ အမေရိကန်တပ်ဖွဲ့များနဲ့ ဂျပန်တပ်ဖွဲ့များကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ရာ အဲဒီလုပ်ရပ်က ပြိုင်ဘက်တရုတ်နိုင်ငံအပေါ် ရန်လိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ပိုမိုဖြစ်စေဖို့ ရည်ရွယ်ခြင်းမျိုးဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် နေတိုးအဖွဲ့ကလည်း ဂျပန်နိုင်ငံတိုကျိုမြို့မှာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိနေ ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံကြား ရန်လိုမှုတွေ၊ အားပြိုင်မှုတွေမှဆင့် စစ်ပွဲဖြစ်လာမယ်ဆိုရင် အမေရိကန်ဟာ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ စစ်အခြေစိုက်စခန်းများကို အသုံးပြုဖွယ်ရှိနေရာ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လက်တုံ့ပြန်ခံရမယ့်အလားလာများနဲ့ ရင်ဆိုင်နေရကြောင်းသိရပါတယ်။

အိုကီနာဝါကျွန်းဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတည်းက အမေရိကန်တပ်ဖွဲ့တွေရဲ့ အဓိကမဟာဗျူဟာမြောက် နေရာအဖြစ် ရှိနေခဲ့ပြီး ကျွန်းအပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင် ဦးရေ ၂၆ဝဝဝ ကျော် ရှိနေတဲ့အပြင် အမေရိကန် စစ်အခြေစိုက်စခန်းပေါင်း ၁၃ ခုနဲ့ စစ်ရေးလေ့ကျင့်ခန်းနေရာပေါင်း ၄၈ ခုရှိနေပါတယ်။

Zawgyi Version;
ဂျန်ဇက် (NP News) - မေ ၁၅








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းညွှန်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဖြူထိုင်းပါတီအပြင် အခြားပါတီငယ် လေးခုနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း အနိုင်ရပါတီဖြစ်တဲ့ Move Forward ပါတီခေါင်းဆောင်ပြော

RECENT POSTS
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved