Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းညွှန်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဖြူထိုင်းပါတီအပြင် အခြားပါတီငယ် လေးခုနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း အနိုင်ရပါတီဖြစ်တဲ့ Move Forward ပါတီခေါင်းဆောင်ပြော


ဂျန်ဇက် (NP News) - မေ ၁၅

မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ Move Forward ပါတီရဲ့ခေါင်းဆောင်ဖြစ်သူ Pita Limjaroenrat ဟာ ထိုင်းဝန်ကြီးချုပ်ဖြစ်ဖို့ နဲ့ ထိုင်းအစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

Move Forward ပါတီခေါင်းဆောင်က ဖြူထိုင်းပါတီအပြင် အခြားပါတီငယ် ၄ ခုနဲ့ပူးပေါင်းပြီး မဟာမိတ်ညွန်ပေါင်း ဖွဲ့စည်းမှာဖြစ်ကြောင်း၊ ပါတီ ၆ ခုပေါင်းပြီး၊ မဟာမိတ်ညွှန်ပေါင်းဖွဲ့နိုင်မယ်ဆိုရင် အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း ၅ဝဝ အနက် ကိုယ်စားလှယ်ပေါင်း ၃ဝ၉ နေရာကို ရယူနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။

ရွေးကောက်ပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီးများ ဦးဆောင်တဲ့ညီညွှတ်တဲ့ ထိုင်းအမျိုးသမီးပါတီနဲ့ ပလန်ပရာချာရက် ပါတီတို့ဟာ မျှော်လင့်သလောက်ရလဒ်များ မကောင်းဘဲ အတိုက်ခံပါတီများကို အရှုံးပေးခဲ့ပါတယ်။ ထိုင်းအာဏာ သိမ်းခေါင်းဆောင်ဖြစ်သလို ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ပရာယွတ်ချန်အိုချာက ထိုင်းရွေးကောက်ပွဲရလဒ်များအပေါ် လေးစားမှုရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ထိုင်းMove Forward ပါတီခေါင်းဆောင်က "နိုင်ငံနဲ့ ပြည်သူတွေရဲ့အခိုင်မာအားပေးထောက်ခံမှုတွေ ရရှိခဲ့တာကို ပြသနိုင်ခဲ့တယ်။ ကျွန်တော်ဟာ ထိုင်းနိုင်ငံရဲ့ ၃ဝ ဦးမြောက် ဝန်ကြီးချုပ်တာဝန်ကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်" လို့ ပြောပါတယ်။

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့်သူဟာ ထိုင်းလွှတ်တော် နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲ အနည်းဆုံး ၃၇၆ မဲရဖို့ လိုအပ်နေရာရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံး အနိုင်ရခဲ့တဲ့ ဖြူထိုင်းပါတီက Move Forward ပါတီအနိုင်ရမှုအပေါ် ဂုဏ်ယူကြောင်း၊ Move Forward ပါတီနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဖြူထိုင်းပါတီဘက်ကတော့ ပြောပါတယ်။

ဒါပေမယ့် ဖြူထိုင်းပါတီဟာ မဟာမိတ်ညွှန်ပေါင်းအစိုးရအဖွဲ့ဖွဲ့နိုင်ဖို့ Move Forward ပါတီနဲ့ဆွေးနွေးညှိနှိုင်းခြင်း မျိုးမရှိသေးကြောင်း သိရပါတယ်။ Move Forward ဟာ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးပြုတဲ့ မဲဆွယ်စည်းရုံး ရေးပွဲမှာ "ထိုင်းနိုင်ငံရေးသမိုင်းကို ပြန်လည်ရေးကြမယ်။ ထိုင်းနိုင်ငံ ပြောင်းလဲဖို့ Move Forward ပါတီကို မဲပေးပါ" ဆိုတဲ့ ကြွေးကြော်သံများနဲ့ မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရပါတယ်။

Move Forward ပါတီခေါင်းဆောင်ဟာ ထိုင်းတော်ဝင်ဘုရင်မျိုးနွယ်စုများအပေါ် ဝေဖန်တိုက်ခိုက်မှုများအတွက် သတ်မှတ်ထားတဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ လိုလားနေသူတစ်ဦးဖြစ်ရာ ထိုင်းစစ်တပ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောပါတယ်။

Zawgyi Version;
ထိုင္းၫႊန္ေပါင္းအစိုးရဖြဲ႕ႏိုင္ဖို႔ ျဖဴထိုင္းပါတီအျပင္ အျခားပါတီငယ္ ေလးခုနဲ႔ ပူးေပါင္းသြားမွာျဖစ္ေၾကာင္း အႏိုင္ရပါတီျဖစ္တဲ့ Move Forward ပါတီေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၅

ေမလ ၁၄ ရက္က က်င္းပခဲ့တဲ့ ထိုင္းအေထြေထြေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့တဲ့ Move Forward ပါတီရဲ႕ ေခါင္းေဆာင္ျဖစ္သူ Pita Limjaroenrat ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ျဖစ္ဖို႔ နဲ႔ ထိုင္းအစိုးရအဖြဲ႕ကို ဦးေဆာင္ဖြဲ႕စည္းဖို႔ ေရပန္းအစားဆုံးျဖစ္ေနေၾကာင္း သိရပါတယ္။

Move Forward ပါတီေခါင္းေဆာင္က ျဖဴထိုင္းပါတီအျပင္ အျခားပါတီငယ္ ၄ ခုနဲ႔ပူးေပါင္းၿပီး မဟာမိတ္ၫြန္ေပါင္း ဖြဲ႕စည္းမွာျဖစ္ေၾကာင္း၊ ပါတီ ၆ ခုေပါင္းၿပီး၊ မဟာမိတ္ၫႊန္ေပါင္းဖြဲ႕ႏိုင္မယ္ဆိုရင္ ေအာက္လႊတ္ေတာ္ရွိ ကိုယ္စားလွယ္ေပါင္း ၅ဝဝ အနက္ ကိုယ္စားလွယ္ေပါင္း ၃ဝ၉ ေနရာကို ရယူႏိုင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမွာ ထိုင္းဗိုလ္ခ်ဳပ္ႀကီးမ်ား ဦးေဆာင္တဲ့ညီၫႊတ္တဲ့ ထိုင္းအမ်ိဳးသမီးပါတီနဲ႔ ပလန္ပရာခ်ာရက္ ပါတီတို႔ဟာ ေမွ်ာ္လင့္သေလာက္ရလဒ္မ်ား မေကာင္းဘဲ အတိုက္ခံပါတီမ်ားကို အရႈံးေပးခဲ့ပါတယ္။ ထိုင္းအာဏာ သိမ္းေခါင္းေဆာင္ျဖစ္သလို ထိုင္းဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ပရာယြတ္ခ်န္အိုခ်ာက ထိုင္းေ႐ြးေကာက္ပြဲရလဒ္မ်ားအေပၚ ေလးစားမႈရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ထိုင္းMove Forward ပါတီေခါင္းေဆာင္က "ႏိုင္ငံနဲ႔ ျပည္သူေတြရဲ႕အခိုင္မာအားေပးေထာက္ခံမႈေတြ ရရွိခဲ့တာကို ျပသႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ဟာ ထိုင္းႏိုင္ငံရဲ႕ ၃ဝ ဦးေျမာက္ ဝန္ႀကီးခ်ဳပ္တာဝန္ကို ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္" လို႔ ေျပာပါတယ္။

ထိုင္း ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမယ့္သူဟာ ထိုင္းလႊတ္ေတာ္ ႏွစ္ရပ္ေပါင္းရဲ႕ ေထာက္ခံမဲ အနည္းဆုံး ၃၇၆ မဲရဖို႔ လိုအပ္ေနရာေ႐ြးေကာက္ပြဲမွာ မဲဒုတိယအမ်ားဆုံး အႏိုင္ရခဲ့တဲ့ ျဖဴထိုင္းပါတီက Move Forward ပါတီအႏိုင္ရမႈအေပၚ ဂုဏ္ယူေၾကာင္း၊ Move Forward ပါတီနဲ႔အတူ ပူးေပါင္းလုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ျဖဴထိုင္းပါတီဘက္ကေတာ့ ေျပာပါတယ္။

ဒါေပမယ့္ ျဖဴထိုင္းပါတီဟာ မဟာမိတ္ၫႊန္ေပါင္းအစိုးရအဖြဲ႕ဖြဲ႕ႏိုင္ဖို႔ Move Forward ပါတီနဲ႔ေဆြးေႏြးညႇိႏႈိင္းျခင္း မ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။ Move Forward ဟာ ေ႐ြးေကာက္ပြဲမတိုင္ခင္ ေနာက္ဆုံးျပဳတဲ့ မဲဆြယ္စည္း႐ုံး ေရးပြဲမွာ "ထိုင္းႏိုင္ငံေရးသမိုင္းကို ျပန္လည္ေရးၾကမယ္။ ထိုင္းႏိုင္ငံ ေျပာင္းလဲဖို႔ Move Forward ပါတီကို မဲေပးပါ" ဆိုတဲ့ ေႂကြးေၾကာ္သံမ်ားနဲ႔ မဲဆြယ္စည္း႐ုံးခဲ့ေၾကာင္း သိရပါတယ္။

Move Forward ပါတီေခါင္းေဆာင္ဟာ ထိုင္းေတာ္ဝင္ဘုရင္မ်ိဳးႏြယ္စုမ်ားအေပၚ ေဝဖန္တိုက္ခိုက္မႈမ်ားအတြက္ သတ္မွတ္ထားတဲ့ဥပေဒကို ျပင္ဆင္ေျပာင္းလဲဖို႔ လိုလားေနသူတစ္ဦးျဖစ္ရာ ထိုင္းစစ္တပ္နဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ရွိလာႏိုင္ေၾကာင္း ထိုင္းႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက ေျပာပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် တပ်မတော်မိသားစုများမှ ဆန်အိတ်ပေါင်း(၈၅ဝ)နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

RECENT POSTS
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved