ရာဖယ်မြို့ကိုတိုက်ခိုက်နေသည့် အစ္စရေး၏တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး (ICJ)ကို အကဲဖြတ်စုံစမ်းပေးရန် တောင်အာဖရိကနိုင်ငံ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၄
တောင်အာဖရိကနိုင်ငံသည် ဂါဇာဒေသ ရာဖယ်မြို့တွင် အစ္စရေးနိုင်ငံက စီစဉ်ထားသည့်အတိုင်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကို အကဲဖြတ်ပေးရန် နိုင်ငံတကာတရားရုံးတွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ တရားရုံး အနေဖြင့် ပါလက်စတိုင်းလူမျိုးများ၏အခွင့်အရေး နောက်ထပ် ချိုးဖောက်ခံရခြင်းများကို တားဆီးရန် ကြားဝင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်အာဖရိကနိုင်ငံက တိုက်တွန်းတောင်းဆိုသည်။
တောင်အာဖရိက သည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းအစ္စရေးနိုင်ငံကို လူမျိုးသုန်းသတ်ဖြတ်မှု နှင့် လူအခွင့်အ ရေးချိုးဖောက်ခြင်းများရှိသည်ဆိုကာ နိုင်ငံတကာတရားရုံးတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိကသမ္မတက "ရာဖယ်ဒေသမှာ ပြုလုပ်တဲ့ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေဟာ နောက်ထပ်သေဆုံးမှု ပိုမိုတိုးမြင့်လာဖွယ်ရှိနေပါတယ်။ ထိခိုက်ပျက်စီးမှုတွေလည်း ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်" ဟု ပြောသည်။
တောင်အာဖရိကနိုင်ငံသည် ပြီးခဲ့သောနှစ်ဒီဇင်ဘာလတွင် အစ္စရေးနိုင်ငံကို လူမျိုးသုဥ်းသတ်ဖြတ်မှုများ ကျူးလွန် နေခြင်းလုပ်ဆောင်သည်ဆိုကာ နိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ နိုင်ငံတကာ တရားရုံးက အစ္စရေးနိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်နေခြင်းကို ရှောင်ရှားစေလိုကြောင်း သတင်းထုတ်ပြန်ထားသည်။
အစ္စရေးအစိုးရသည် နိုင်ငံတကာ တရားရုံး၏ ကနဦးဆုံးဖြတ်တိုက်တွန်းချက်များကို မသိကျိူးကျွံပြုနေကြောင်း သိရသည်။ ကုလသမဂ္ဂအဖွဲ့ကလည်း ရာဖယ်မြို့တွင်ပြုလုပ်သော အစ္စရေး၏တိုက်ခိုက်မှုများက လူသားချင်း ဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများ ပိုမိုတိုးမြှင့် လာဖွယ်ရှိနေကြောင်း သိရသည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လေးလကျော်အတွင်း ဂါဇာဒေသတွင်နေထိုင်နေသူအားလုံး၏ ၈၅ ရာခိုင်နှုန်း ကျော်က နေရပ်စွန့်ခွာနေထိုင်နေရပြီး လူပေါင်းသိန်းနှင့်ချီပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်နေ ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီဂျစ်နိုင်ငံတွင် ကားအများအပြား ဆင့်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ