မွန်ဂိုလီးယားနိုင်ငံတွင် ယာဉ်တိုက်မှုနှင့်အတူ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၆)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၂၄
မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့တွင် ဇန်နဝါရီလ(၂၄)ရက်က ယာဉ်တိုက်မှုဖြစ်ပွားကာ ဓါတ်ငွေ့ပေါက်ကွဲမှု များဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၆)ဦး သေဆုံးပြီး၊ အခြားလူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဇန်နဝါရီလ(၂၄)ရက် အစောပိုင်းတွင် သဘာဝဓါတ်ငွေ့ရည်(LNG) တန်ချိန်(၆ဝ)ခန့် သယ်ဆောင်လာသော ယာဉ် သည် အခြားကားတစ်စီးနှင့် တိုက်မိခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ဂိုလီးယားအမျိုးသား အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ(NEMA) က ပြောကြားခဲ့သည်။
NEMA က "အစောပိုင်းပြောဆိုချက်တွေအရ မီးလောင်မှုအတွင်း လူ(၃)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ မီးသတ်သမား(၃)ဦးလည်း သေဆုံးခဲ့တယ်လို့ နောက်ပိုင်းမှာ ထပ်သိရပါတယ်။ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့ လူ(၁၄) ဦးကို ဆေးဘက်ဆိုင်ရာကုသမှုတွေလုပ်ဆောင်ဖို့ ဆေးရုံကို ပို့ဆောင်ထားပါတယ်" ဟု ပြောခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက်မှ (၁ဝ)ဦးကို မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ်တစ်ဦး ကို ဓါတ်ငွေ့အဆိပ်သင့်မှုများအတွက် ကုသပေးမှုများလုပ်ဆောင်နေကာ အခြားမွေးကင်းစကလေးငယ်(၃)ဦးကို ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးထားကြောင်းလည်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းစေလွှတ်ခဲ့ပြီး မီးငြိမ်းသတ်မှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း NEMA က ပြောကြားခဲ့သည်။
NEMA က အွန်လိုင်းတွင် တင်ထားသော ဓါတ်ပုံများထဲတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ် ရေးများလုပ်ဆောင်သည့် အရေးပေါ်ဝန်ဆောင်မှုများနှင့် လမ်းမပေါ်တွင် ကြီးမားသောမီးတောက်များကိုလည်း တွေ့မြင်ခဲ့ရသည်။
အဆိုပါမတော်တဆမှုကြောင့် အလွန်စိတ်မကောင်းဖြစ်မိကြောင်း မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Richard Buangan က ပြောကြားခဲ့သည်။
၎င်းက "ဒီမတော်တဆမှုအတွင်း သေဆုံးခဲ့တဲ့ NEMA ဝန်ထမ်းတွေရဲ့မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက် စိတ်မကောင်းဖြစ်မိပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ယင်းမတော်တဆမှုနှင့်ပတ်သက်ပြီး တုန်လှုပ်ခြောက်ချားကာ စိတ်မကောင်းဖြစ်မိကြောင်း မွန်ဂိုလီးယား နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Axelle Nicaise က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတဇီလန်စကီးက သမ္မတပူတင်လိုမျိုး ဖြစ်ချင်နေကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဝေဖန်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း