ယူကရိန်းသမ္မတဇီလန်စကီးက သမ္မတပူတင်လိုမျိုး ဖြစ်ချင်နေကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဝေဖန်
Pika (NSS) - ဇန်နဝါရီ ၂၅
ယူကရိန်းသမ္မတဇီလန်စကီးအနေဖြင့် ရုရှားသမ္မတပူတင်၏ ကျော်ကြားသော အားပေးထောက်ခံမှုအဆင့်များကို အိမ်မက်မက်ရုံသာတတ်နိုင်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ် က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီး၏ ဇန်နဝါရီလ(၂၂)ရက်က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ရုရှား၏ ဒေသ(၆)ခုကို သမိုင်းဝင်တောင်းဆိုမှုများနှင့်ပတ်သက်ပြီး ဒီမစ်ထရီပက်စကို့ဗ် က မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။
အဆိုပါထုတ်ပြန်ချက်သည် ရူးမိုက်သောလုပ်ရပ်တစ်ခုတင်မဟုတ်ဘဲ ယူကရိန်းတွင် ဖြစ်ပွားနေသော ပြဿနာများ မှ လူအများ၏ အာရုံစိုက်မှုများကို ပြောင်းလဲရန် ကြိုးပမ်းမှုတစ်ခုလည်းဖြစ်ကြောင်း ဒီမစ်ထရီပက်စကို့ဗ် က ပြောကြားခဲ့သည်။ ဒီမစ်ထရီပက်စကို့ဗ်က "ဇီလန်စကီးဟာ ကျော်ကြားတဲ့အားပေးထောက်ခံမှုတွေကို ပြန်လည် ရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ သူဟာ ရုရှားသမ္မတပူတင်လိုမျိုး ဖြစ်ချင်နေတာပါ။ ဒါမှ တစ်နိုင်ငံလုံးက သူ့ကို အားပေးထောက်ခံမှာပါ။ ဒါပေမယ့် ဒီနည်းလမ်းက အလုပ်ဖြစ်မယ့် ပုံမပေါ်ပါဘူး။ ယူကရိန်းအစိုးရဟာ တစ်ခုခု မှားယွင်းနေပြီလို့ ပြည်သူတွေက ထင်နေကြပါပြီ" ဟု ပြောခဲ့သည်။
ဇီလန်စကီးသည် ပြဿနာများအားလုံးကို ကိုင်တွယ်ဖြေရှင်းရမည့်အစား သွေးထွက်သံယိုဖြစ်ပွားမည့် လုပ်ရပ်များ ကိုသာ ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပုံပေါ်ကြောင်း ဒီမစ်ထရီပက်စကို့ဗ်က ပြောကြားခဲ့သည်။ ထို့အပြင် ဇီလန်စကီးသည် ရုရှားပိုင်နက်များကို တောင်းဆိုခြင်းကဲ့သို့သော အဓိပ္ပါယ်မရှိသည့်ခြေလှမ်းများကို လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းလူမျိုးများသည် Bryansk၊ Kursk၊ Belgorod၊ Voronezh၊ Rostov နှင့် Krasnodar ဒေသများတွင် ယခင်တည်းက နေထိုင်လာခဲ့ကြခြင်းဖြစ်ကြောင်း ဇီလန်စကီးက ဇန်နဝါရီလ(၂၂)ရက် ထုတ်ပြန်ချက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ထို့အပြင် ရုရှား-ယူကရိန်းပဋိပက္ခသည် ရုရှားက ၎င်း၏ နျူကလီးယားလက်နက်တိုက်များကို လက်နက်ချခြင်း အပါအဝင် ယူကရိန်း၏ စည်းကမ်းချက်များနှင့်အညီ အဆုံးသတ်သွားမည်ဖြစ်ကြောင်း ယူကရိန်း၏ လက်ထောက် ကာကွယ်ရေးဝန်ကြီးကလည်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဖီးလစ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့တဲ့ ဝက်စ်ဟမ်းအသင်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ