ဆွီဒင်နိုင်ငံရှိ အီရန်သံရုံးကို လူ(၅)ဦး တရားမဝင်ကျူးကျော်ဝင်ရောက်ခဲ့ဟုဆို
Pika (NSS) - ဇန်နဝါရီ ၂၄
ဇန်နဝါရီလ(၂၃)ရက် မွန်းလွဲပိုင်းတွင် ဆွီဒင်နိုင်ငံရှိ အီရန်သံရုံးသို့ လူ(၅)ဦးတရားမဝင် ဝင်ရောက်လာခဲ့ခြင်းကြောင့် မောင်းထုတ်ခဲ့ရကြောင်း စတော့ဟုမ်းလ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
စတော့ဟုမ်းလ်ရဲတပ်ဖွဲ့ က "အီရန်သံရုံးအပြင်ဖက်မှာ လူအုပ်ကြီးရောက်ရှိနေပြီး လူ(၅)ဦးက သံရုံးဇုန်ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့တွေက သွားရောက်ခဲ့ရပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် လူတစ်ဦးကို ရန်လိုမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်းလည်း သိရသည်။ ထို့နောက် ကျူးကျော် ဝင်ရောက်သူအားလုံးကို မောင်းထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
သို့သော်လည်း ဆန္ဒပြပွဲများကို တရားဝင်ခွင့်ပြုထားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ၎င်းတို့က အတည်ပြု ပြောကြားခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ၁၉၈၈ ခုနှစ်တွင် လူအစုလိုက်အပြုံလိုက်ကွပ်မျက်မှုဖြင့် အီရန် ထောင်အရာရှိဟောင်း Hamid Noury ကို ဆွီဒင်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပြီးနောက် အီရန် နှင့် ဆွီဒင်နိုင်ငံကြား ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်တွင် အီရန်မှာ အတိုက်အခံများကို ရှင်းလင်းသုတ်သင်စဉ်အချိန်အတွင်း အကျဉ်းသား အနည်းဆုံး (၅ဝဝဝ) ကို ကွပ်မျက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး အသက်(၆၂)နှစ်အရွယ် Hamid Noury အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကို ဆွီဒင်တရားရုံးက ဒီဇင်ဘာလ(၁၉)ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဥရောပသမဂ္ဂသံတမန် Johan Floderus အပါအဝင် ဆွီဒင်နိုင်ငံသားအများအပြားသည် အီရန်တွင် ထိန်းသိမ်းခံထားရကြောင်းလည်း သိရသည်။ Johan Floderus သည် အီရန်၏ ရန်ဖက်ဖြစ်သော အစ္စရေး နှင့် ပူးပေါင်းကြံစည်မှုများဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အီရန်မှာ တရားစွဲဆိုခံခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ဂိုလီးယားနိုင်ငံတွင် ယာဉ်တိုက်မှုနှင့်အတူ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၆)ဦး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ