မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၂၄
မြောက်ကိုရီးယားသည် ဇန်နဝါရီလ(၂၄)ရက်တွင် ၎င်း၏ နိုင်ငံအနောက်ဖက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး JCS က ပြောကြားခဲ့သည်။
အဆိုပါပစ်လွှတ်မှုသည် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်လာသည့် နောက်ဆုံးလက္ခဏာတစ်ခု ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ဇန်နဝါရီလ(၂၄)ရက် နံနက်(၇) နာရီအချိန်တွင် ခရုဇ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်ထောက်လှမ်း ရေးများက လေ့လာဆန်းစစ်နေကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နောက်ထပ်လုပ်ဆောင်မှုများကို စောင့်ကြည့်နေကြောင်း JCS က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံနှင့်ထိစပ်နေသော Gangwon ပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် တောင်ကိုရီးယားရေတပ်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၁ဝ)ရက်ကြာ လေ့ကျင့်ရေးများကို လုပ်ဆောင်နေချိန် မြောက်ကိုရီးယား၏ ခရုဇ်ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါလေ့ကျင့်မှုသည် မြောက်ကိုရီးယားက အငြင်းပွားရေကြောင်းနယ်နိမိတ်တွင် မကြာသေးမီက အမြောက် ကျည်ပစ်လွှတ်မှုများနှင့် လက်နက်စမ်းသပ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် စစ်ဆင်ရေးဆိုင်ရာအဆင်သင့်ဖြစ်မှုများ ကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း JCS က ပြောကြားခဲ့သည်။
ထို့အပြင် ယခုလအစောပိုင်းတွင် တာလတ်ပစ် လောင်စာဆီအခဲသုံး အသံထက်မြန်သည့်ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ အဆိုပါစမ်းသပ်မှုကို အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆွီဒင်နိုင်ငံရှိ အီရန်သံရုံးကို လူ(၅)ဦး တရားမဝင်ကျူးကျော်ဝင်ရောက်ခဲ့ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ