ရုရှားတပ်ဖွဲ့များ၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ(၁၈)ဦး သေဆုံးပြီး အခြားလူ(၁၃ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ပြော
Pika (NSS) - ဇန်နဝါရီ ၂၄
ရုရှားတပ်ဖွဲ့များသည် ဇန်နဝါရီလ(၂၃)ရက်တွင် ယူကရိန်းနိုင်ငံတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ(၁၈)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁၃ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့သည်။
ထို့အပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက်မှာ တိုးမြင့် လာနိုင်ဖွယ်ရှိကြောင်း ဇီလန်စကီးက သတိပေးခဲ့သည်။ ရုရှားတပ်ဖွဲ့များက ပစ်လွှတ်လိုက်သော ဒုံးကျည်များသည် ကိယက်ဗ်မြို့နှင့် ခါကစ်ဗ်မြို့ကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇီလန်စကီး က "ကံမကောင်းစွာနဲ့ပဲ လူ(၁၈)ဦး သေဆုံးခဲ့ပါတယ်။ ပြီးတော့ အခြားလူ(၁၃ဝ)ကျော်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ အထူးသဖြင့် ခါကစ်ဗ်မြို့ဟာ အဆိုးရွားဆုံးထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး သေဆုံးသူ အရေအတွက်က တိုးမြင့်လာနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ဒုံးကျည်များထိမှန်ခဲ့သော ခါကစ်ဗ်မြို့ရှိ အထပ်မြင့်အဆောက်အဦးများ၏ အပျက် အစီးများကို ရှင်းလင်းနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဇီလန်စကီး က ပြောကြားခဲ့သည်။
၎င်းက "အဲဒီနေရာမှာ သာမန်ပြည်သူတွေပဲ နေထိုင်တာပါ” ဟု ပြောခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း နေအိမ် (၁၃၉) လုံးခန့် ပျက်စီးခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် ဒုံးကျည်အစင်းရေ(၄ဝ)ကျော်ဖြင့် ယူကရိန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇီလန်စကီးက ပြောခဲ့သည်။
ဇီလန်စကီး က "ရုရှားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုလက်တုံ့ပြန်ရမလဲဆိုတာ ယူကရိန်းတပ်ဖွဲ့တွေ သိပါတယ်။ ဒီစစ်ပွဲက အဆုံးသတ်ပြီး ရုရှားတွေဟာ သူတို့ရဲ့အိမ်ကို ပြန်ကိုပြန်ရပါမယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ