ကနေဒါနိုင်ငံတွင် မိုင်းတွင်းလုပ်သားများ သယ်ဆောင်လာသည့်လေယာဉ်ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၆)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၂၄
ကနေဒါနိုင်ငံ မြောက်ဖက်စွန်းတွင် ဇန်နဝါရီလ(၂၃)ရက်က မိုင်းတွင်းလုပ်သားများ သယ်ဆောာင်လာသော ခရီးသည်တင်လေယာဉ်ငယ်တစ်စီး ပျံတက်ပြီးနောက် မကြာမီ ပျက်ကျခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ယင်းလေယာဉ်ပျက်ကျမှုမှ လူတစ်ဦး အသက်ရှင်ကျန်လွတ်မြောက်ခဲ့ကြောင်း အဆိုပါလေကြောင်းသတင်းရင်းမြစ် ၏ အဆိုအရ သိရသည်။ သို့သော်လည်း အသက်ရှင်ကျန်လွတ်မြောက်သူ၏ အခြေအနေကို လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ကနေဒါနိုင်ငံ အနောက်မြောက်ဘက်တွင် ဖြစ်ပွားခဲ့သော လေယာဉ်ပျက်ကျမှုကို စစ်တပ်နှင့် ဖက်ဒရယ်ရဲတပ်ဖွဲ့တို့က ချက်ချင်းသွားရောက် တုံ့ပြန်ခဲ့ကြောင်း သိရသည်။
ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များသည် Hercules လေယာဉ်မှ လေထီးများဖြင့် ခုန်ဆင်းကာ အပျက်အစီးများ ကိုရှာဖွေနေချိန်တွင် နှင်းလျောဆိုင်ကယ်များဖြင့် ရှာဖွေများလုပ်ဆောင်နေသော ကနေဒါရိန်းဂျားတပ်ဖွဲ့များက အပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် Yellowknife မြို့မှ အနောက်တောင်ဘက် ကီလိုမီတာ(၃၂ဝ) အကွာတွင်ရှိသော Fort Smith မြို့မှ ဇန်နဝါရီလ(၂၃)ရက် နံနက်(၈)နာရီ (၅ဝ)မိနစ်အချိန်တွင် ပျံတက်သွားခဲ့ပြီးနောက် အဆက်အသွယ် ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း Ontario ပြည်နယ် Trenton မြို့ရှိ ပူးတွဲကယ်ဆယ်ရေးညှိနှိုင်းရေးစင်တာက ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် အလုပ်သမားများကို မိုင်းတွင်းသို့ သယ်ဆောင်လာသည့် စင်းလုံးငှားလေယာဉ်တစ်စင်းဖြစ် ကြောင်း Jetstream twin turboprop လေကြောင်းလိုင်းကို လည်ပတ်နေသော Northwestern Air လေကြောင်း လိုင်းက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ပြေးလမ်းမှ (၁ ဒသမ ၁) ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လေယာဉ်ပျက်ကျပြီးနောက် Fort Smith မြို့မှ လေကြောင်းလိုင်းခရီးစဉ်များအားလုံးကို ဇန်နဝါရီလ(၂၄)ရက် မတိုင်ခင်အထိ ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။ ကနေဒါ၏ သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ သည် လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထား ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတပ်ဖွဲ့များ၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ(၁၈)ဦး သေဆုံးပြီး အခြားလူ(၁၃ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း