ကြည့်မြင်တိုင်မြို့နယ်၌ ရပ်ထားသည့်ကားကို အိမ်စီးကားမှ အရှိန်လွန်ဝင်တိုက်မိခဲ့ရာ လူ(၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ထားသည့်ကားကို အိမ်စီးကားမှ အရှိန်လွန်ဝင်တိုက်မိခဲ့ရာ လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အားမာန်လူငယ်ပရဟိတအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၁၈ ရက်)၊ နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ဈေးဟောင်းအရှေ့အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ထဲဘက်ကနေမောင်းလာတဲ့ အိမ်စီးကားက လမ်းဘေးမှာရပ်ထားတဲ့ကားကို အရှိန်လွန်ပြီးဝင်တိုက်မိတဲ့ပုံစံမျိုးပါ။ အဲဒီနားမှာက အကွေ့လေးလည်းရှိတော့ အရှိန်လွန်လာပြီး ဝင်တိုက်မိတဲ့သဘောပေါ့”ဟု အားမာန်လူငယ်ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှ ယာဉ် မောင်းအမျိုးသားနှင့် ဝင်တိုက်ခံရသည့် ကားပေါ်မှအမျိုးသားတစ်ဦးတို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာက ကားပေါ်က ယာဉ်မောင်းတွေချည်းပါ။ ခြေထောက်နဲ့လက်တွေမှာ ဒဏ်ရာနည်းနည်းရတာပဲရှိပါတယ်။ အများကြီးရတာတော့မဟုတ်ပါဘူး။ အဲဒီနေရာက တစ်နှစ်ကို (၂)ခါ(၃)ခါလောက်တော့ ဖြစ်လေ့ရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား(၂)ဦးကို အားမာန်လူငယ်ပရဟိတအသင်းက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
1980 model နှင့် ၎င်းမတိုင်မီယာဥ်များကို ရှေးဟောင်း Classic မော်တော်ယာဥ်အဖြစ်သတ်မှတ်၍ ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်ပေးမည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း