ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်ပြည်သူများသည် တိုက်ပွဲကြောင့် ပြန့်ကျဲနေသည့်အတွက် အကူအညီလုံးဝမရသေးသူများလည်း ရှိနေဟု ALP တာဝန်ရှိသူပြော
သုတကျော် (NSS) - ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်ပြည်သူများသည် တိုက်ပွဲဖြစ်စဉ်ကြောင့် ပြန့်ကျဲနေသည့်အတွက် အကူအညီ လုံးဝမရသေးသူ များလည်းရှိနေကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ အတွင်းရေးမှူး အဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်က NSS သတင်းဌာနကို ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် တိုက်ပွဲ အရှိန်မြင့်တက်နေကာ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် လတ်တလော တိုက်ပွဲဖြစ်ပွားနေပြီး စစ်ဘေးရှောင်အရေအတွက်သည် တိုးပွားနေသည့်အတွက် အရေအတွက်ကို အတိအကျ ခန့်မှန်းရန် မလွယ်သေးကြောင်း ၎င်းကပြောသည်။
“လိုအပ်မှုတွေ အများကြီး ရှိတယ်။ အခုလက်ရှိဟာနဲ့ မလောက်ဘူး။ အကုန်လုံး အဖွဲ့အစည်းစုံကတော့ ကူညီနေကြတာပေါ့။ ဒါပေမဲ့ လူတွေကလည်း တိုက်ပွဲကြောင့် ပြန့်ကြဲနေတော့ တကယ့် ဒုက္ခသည်တွေ တချို့လူတွေဆို ဘာမှမရသေးတာလည်း ရှိတယ်။ ကျွန်တော်တို့ ပေးချင်တယ်၊ ပို့ချင်တယ်။ ဒါပေမဲ့ ပေးလို့၊ ပို့လို့ မရတဲ့ အနေအထားတွေ အများကြီး ရှိတယ်”ဟု ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအနေ ဖြင့် စားဝတ်နေရေး နှင့် ဆေးဝါးအကူအညီလိုအပ်နေကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။
“ကျွန်တော်တို့နဲ့ အဆက်အသွယ်မရဖြစ်နေတဲ့ (စစ်ဘေးရှောင် ကူညီရေး)အဖွဲ့တွေလည်း ရှိတယ်။ တချို့ဆိုလည်း အဆက် အ သွယ်ရတယ်။ အနည်းဆုံး ရွာတစ်ရွာမှာဆိုရင်တောင် ရွာခံ မ ဟုတ်ပဲ ရှောင်လာကြတဲ့ လူတွေတင်ပဲ လေးရာငါးရာလောက် ရွာတစ်ရွာမှာ လာပေါင်းနေကြတဲ့ အနေအထားမျိုးလည်း ရှိတယ်။ အဲဒီတော့ ရွာမှာလည်းရှိတဲ့ စားနပ်ရိက္ခာနဲ့ အသစ်ရောက် လာတဲ့ လူတွေနဲ့ကျတောာ့ မလောက်တော့တဲ့ အနေအထားမျိုး ရှိတယ်” ဟု ဗိုလ်မှူးခိုင်သူရိန်က ပြောသည်။
ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအထိပင်ရောက်ရှိ ရှောင်တိမ်းသူများရှိနေကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလမှစတင်ကာ AA အဖွဲ့က တိုက်ပွဲများကို စတင်တိုက် ခိုက်ဖော်ဆောင်ပြီးနောက် တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြည့်မြင်တိုင်မြို့နယ်၌ ရပ်ထားသည့်ကားကို အိမ်စီးကားမှ အရှိန်လွန်ဝင်တိုက်မိခဲ့ရာ လူ(၂)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ