အမေရိကန်နိုင်ငံမှာ ရာသီဥတုဆိုးရွားမှုကြောင့် လေကြောင်းခရီးစဉ် (၂၀၀၀)ကျော် ဖျက်သိမ်းခဲ့ရဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၃
အမေရိကန်နိုင်ငံမှာ ရာသီဥတု အခြေနေဆိုးရွားနေမှုကြောင့် နိုင်ငံတဝန်းမှာ လေကြောင်းခရီးစဉ် ၂၀၀၀ ကျော် ဖျက်သိမ်းလိုက်ရကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံမှာ ဆီးနှင်းများထူထပ်စွာကျဆင်းနေခြင်းကြောင့် အလင်းကို သဲကွဲစွာမမြင်ရတဲ့အတွက်လေကြောင်းခရီးစဉ်တွေကိုဖျက်သိမ်းခဲ့ရတာဖြစ် ကြောင်း အမေရိကန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်တောင်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဆီးနှင်းများထူထပ်စွာကျဆင်းနေပြီး လေတိုက်နှုန်းက တစ်နာရီ ၈၀ ကီလိုမီတာအထိရှိနေကြောင်းသိရပါတယ်။ ဆီးနှင်းတွေ ထူထပ်စွာကျဆင်းနေမှုကြောင့် လမ်းတွေလည်း ပိတ်ဆို့နေပြီး ကားမောင်းရာမှာ အခက်အခဲတွေရှိနေကြောင်းသိရပါတယ်။
ရာသီဥတု ဆိုးရွားမှုတွေကြောင့် ခရီးသွားဖို့ အခက်အခဲတွေဖြစ်နေရပြီး ကားလမ်းတွေနဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတာ၊ ဆိုင်းငံ့ရတာမျိုးတွေ ပိုမိုဖြစ်ပွားလာနေကြောင်းသိရပါတယ်။ ဆီးနှင်းများထူထပ်စွာကျဆင်းမှုတွေကြောင့် ဆီးနှင်းထုဟာ ၆ လက်မကနေ ၁၂ လက်မအထိရှိနေပြီး အခက်အခဲတွေရှိနေခဲ့ကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံတောင်ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခိုက်မှုတွေအပြင် မုန်တိုင်းဝင်ရောက်မှုတွေရှိလာမှာကိုလည်း စိုးရိမ်မှုမြင့်တက်နေကြောင်းသိရပါတယ်။အမေရိကန်နိုင်ငံမှာ ဇန်နဝါရီလ ၁၃ ရက်မှစတင်ပြီး အအေးပိုခဲ့ကာ အပူချိန်ကျဆင်းမှုတွေရှိလာနေကြောင်း အေမရိကန်မီဒီယာတွေကဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုပ်ရှင်ရုံအတွင်း ဖုန်းဖြင့်ဇာတ်ကားများခိုးကူးမှုကို စောင့်ကြည့်၍ ပူးပေါင်းကာကွယ်သွားမည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း