ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် (၇၇)နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦး ကွယ်လွန်ခဲ့
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၀
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ရေခဲသေတ္တာအပူလွန် ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက်(၇၇)နှစ်အရွယ် အငြိမ်း စား နိုင်ငံ့ဝန်ထမ်းတစ်ဦး ကွယ်လွန်သွားခဲ့ကြောင်း မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၀ ရက်)၊ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်း၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားရှိ နေအိမ်တစ်လုံး၌ ဖြစ်ပွားခဲ့သည်။
“မီးလောင်တာက နေအိမ်ထဲက ရေခဲသေတ္တာအပူလွန်ကဲပြီး စလောင်တာပါ။ အဲဒီကနေလောင်ပြီးတော့ တစ်အိမ်လုံးလောင်သွားတာပါ”ဟု မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
၎င်းမီးလောင်မှုဖြစ်စဉ်ကြောင့် နေအိမ်အတွင်းရှိ အသက်(၇၇) နှစ်အရွယ် သတ္ထုတူးဖော်ရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးဖြစ်သူ ဦးကျော်ဝင်းသည် မီးလောင်ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
“သေဆုံးသူအမျိုးသားတစ်ဦးရှိတယ်။ သတ္ထုတူးဖော်ရေးက ညွှန်မှူးဟောင်းတစ်ဦးပါ။ မီးကတော့ ၁နာရီ ၅၈မိနစ်မှာ လုံးဝမီးငြှိမ်းလိုက်နိုင်ခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား မန္တလေးတိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာဗွန်ထုတ်ရန်အတွက် မြန်မာနိုင်ငံမှ အုန်းမှုတ်ခွက်မီးသွေးကို တရုတ်မှ ဝယ်ယူသည့် ဈေးကွက်ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း