အမေရိကန်ရဲ့မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စီး ပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးများ အသက်ရှင်လွတ်မြောက်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၅
အမေရိကန်ရဲ့နာမည်ကျော်ဗုံးကြဲလေယာဉ်ကြီးတစ်စီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။
အမေရိကန်ရဲ့တာဝေး ဗုံးကြဲလေယာဉ်အမျိုးအစားဖြစ်တဲ့ US B-1B Lancer လေယာဉ်ဟာ တောင်ဒါကိုတာ ပြည်နယ်ရှိ Ellsworth Air လေတပ်အခြေစိုက်စခန်းအပြင်ဘက်မှာ မီးလောင်ပျက်ကျသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဗုံးကြဲလေယာဉ်ကြီးဟာ လေကျင့်ရေးမစ်ရှင်ဆောင်ရွက်ချိန်အတွင်း ပျက်ကျသွားခဲ့တာမျိုးဖြစ်ပြီး ပျက်ကျရတဲ့အကြောင်းအရင်းကို အသေးစိတ်ဖော်ပြတာမျိုးမရှိသေးကြောင်း သိရပါတယ်။
အမေရိကန်စစ်ဘက်က "ဗုံးကြဲလေယာဉ်ဟာ လေ့ကျင့်ရေးမစ်ရှင်လုပ်ကိုင်ချိန်အတွင်း အက်ဆီးဒန့်ဖြစ်ကာ ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ လေးဦး လိုက်ပါခဲ့တယ်။ အဲဒီလေးဦးစလုံးဟာ ဘေးကင်းစွာနဲ့အပြင်ကို ထွက်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။
B-1B Lancer ဗုံးကြဲလေယာဉ်ဟာ အမေရိကန်စစ်တပ်ရဲ့မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သုံးမျိုးထဲမှာ တစ်မျိုး ပါဝင်ခဲ့ပြီး နျူကလီးယားလက်နက်တွေ တင်ဆောင်နိုင်သလို စစ်လက်နက်ပစ္စည်းအများအပြားနဲ့ မြန်နှုန်းမြင့် ပျံသန်းနိုင်စွမ်းရှိကြောင်း သိရပါတယ်။ အဆိုပါ B-1B Lancer ဗုံးကြဲလေယာဉ်ဟာ B-52 Stratofortress ဗုံးကြဲ လေယာဉ်၊ B-2 Spirit ဗုံးကြဲလေယာဉ်တွေနဲ့အတူ အမေရိကန်စစ်တပ်ရဲ့ မဟာဗျူဟာမြောက် စစ်ရေးတာဝန်တွေ ကို ထမ်းဆောင်တဲ့လေယာဉ်ဖြစ်နေပါတယ်။ အဆိုပါလေယာဉ်တွေကို တက္ကဆက်ပြည်နယ် Ellsworth AFB လေတပ် အခြေစိုက်စခန်းနဲ့ Dyess Air Force Base လေတပ်အခြေစိုက်စခန်းတွေမှာ ထားရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း ဂူအမ်ကျွန်းမှာ စစ်ရေးမစ်ရှင်တွေ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အစိုးရဲ့ပြောစကားကို အစ္စရေးအစိုးရ နားထောင်ပြီး တပ်ဖွဲ့ဝင်အရေအတွက်လျော့ချဖို့ ပြင်ဆင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ