အမေရိကန်အစိုးရဲ့ပြောစကားကို အစ္စရေးအစိုးရ နားထောင်ပြီး တပ်ဖွဲ့ဝင်အရေအတွက်လျော့ချဖို့ ပြင်ဆင်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၅
အစ္စရေးအစိုးရဟာ အမေရိကန်အစိုးရရဲ့တောင်းဆိုချက်ကို နားထောင်ပြီးနောက် ဂါဇာဒေသမှာ တပ်စွဲထားတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ပြန်ရုတ်သိမ်းဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် Politico သတင်းဌာန က ပြောပါတယ်။
အစ္စရေးအစိုးရဟာ ဂါဇာဒေသမှာပြုလုပ်တဲ့စစ်ပွဲကို စစ်ရှိန်လျော့ချဖို့ တိုက်တွန်းခဲ့တဲ့ အမေရိကန်ရဲ့စကားကို နားထောင်ခဲ့ကြောင်း အဆိုပါသတင်းဌာနမှာ ထပ်မံဖော်ပြထားပါတယ်။ အစ္စရေးအစိုးရက ဂါဇာဒေသမှာ ဖြန့်ကြတ် ချထားတဲ့ တပ်ရင်း ၅ ရင်းကို ပြန်ရုတ်သိမ်းဖွယ်ရှိနေပြီး ထောင်နဲ့ချီတဲ့စစ်သားတွေကို မိခင်နိုင်ငံကို ပြန်ပို့သွား မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်အစိုးရဟာ ဂါဇာဒေသစစ်ပွဲအတွင်း အရပ်သားများ သေဆုံးမှုတွေကို လျော့ချနိုင်အောင်လုပ်ဆောင်ဖို့ သတိပေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက "အစ္စရေးဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ စတင်နေတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးရဲ့လုပ်ရပ်တွေ အပြောင်းအလဲဖြစ်လာလို့ ကျေနပ်မိပါတယ်" လို့ ပြောပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခြင်းထက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ပစ်မှတ် ထားသုတ်သင်တဲ့တိုက်ခိုက်မှုတွေကို ပြောင်းလဲလာနေကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ လက်ဘနွန်နိုင်ငံမှာနေထိုင်နေတဲ့ ဟားမက်စ်အဖွဲ့ခေါင်းဆောင်တစ်ဦးကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ်က အစ္စရေးဟာ ဟားမက်စ်ခေါင်းဆောင်ကို သုတ်သင် ပြီး လက်ဘနွန်နိုင်ငံကို စစ်ပွဲထဲ ဆွဲသွင်းနေခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Mark Regev က အစ္စရေးဟာ ဟားမက်စ်အဖွဲ့နဲ့ စစ်ပွဲဖြစ်နေတဲ့အတွက် ဟားမက်စ်ခေါင်းဆောင်တွေ ဘယ်နေရာမှာပဲရှိရှိ တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာ့က်ခရိုင်တွင် မြန်မာနိုင်ငံသား ၃၆ ဦး ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ