မြောက်ကိုရီးယားရဲ့အမြှောက်တွေပစ်ခတ်မှုကြောင့် နယ်စပ်အနီးရှိ ဒေသခံတွေကို ဘေးလွတ်ရာသို့ တောင်ကိုရီးယားအစိုးရ ရွှေ့ပြောင်းခိုင်း
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၅
တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားနဲ့နယ်စပ်အနီးကျွန်းမှာနေထိုင်နေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ဖို့ တိုက်တွန်းတောင်း ဆိုလိုက်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းမှာ အမြှောက်ကျည်ဆံပေါင်း ၂ဝဝ ကျော် ပစ်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားက အခုလိုမျိုး သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့အမြှောက်ကျည်ဆံပေါင်း ရာနဲ့ချီပစ်ခတ်မှုဟာ စစ်ရေးအရ ရန်စမှုတစ်ခုဖြစ်ကြောင်း၊ တောင်ကိုရီးယား သတင်းဌာနတွေက ရေးသားဖော်ပြ ထားပါတယ်။
တောင်ကိုရီးယားအစိုးရဟာ ဒီဇင်ဘာ ၅ ရက်မှာ အရပ်သားတွေကိုဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ဖို့ နှစ်ကြိမ်တိုင် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦး က " Yeongpyeong Island ကျွန်းဘက်ခြမ်းကို အမြှောက်ကျည်ဆံတွေ ကျရောက်ပြီးနောက်စစ်ဘက်အဖွဲ့တွေကို အကြောင်းကြားခဲ့ ကာ အရပ်သားတွေကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့လုပ်ခဲ့တယ်။ မြောက်ကိုရီးယားရဲ့လုပ်ရပ်က ရန်စတဲ့လုပ်ရပ် မျိုးဖြစ်တယ်" လို့ ပြောပါတယ်။
တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက မြောက်ကိုရီးယားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ အနည်းဆုံးကျွန်းနှစ်ကျွန်း အနီးကို အမြှောက်ကျည်ဆံတွေ ကျရောက်တာမျိုးရှိခဲ့ကြောင်း ပြောပါတယ်။ အမြှောက်ကျည်ဆံတွေဟာ မြောက်ကိုရီးယား နဲ့ တောင်ကိုရီးယားကြား ရေကြောင်းကြားခံဇုန်ထဲကို ကျရောက်ခြင်းများရှိခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယား နဲ့ အမေရိကန်စစ်တပ်တို့ဟာ မြောက်ကိုရီးယားနယ်စပ်အနီးမှာ ကျည်အစစ်နဲ့ စစ်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီးနောက်မကြာမီ မြောက်ကိုရီးယားဘက်က အမြှောက်ကျည်ဆံပေါင်း ၂ဝဝ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က စတင်ခဲ့ပြီး မြောက်ကိုရီးယားနယ်စပ်နားမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရဲ့မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စီး ပျက်ကျခဲ့ပေမယ့် လေယာဉ်မှူးများ အသက်ရှင်လွတ်မြောက်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ