စဥ့်ကိုင်မြို့အနီးကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့
ယွန်း (NSS) - ဒီဇင်ဘာ ၃၁
မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါမြေငလျင်သည် ယနေ့ နေ့လည်(၁၂)နာရီ၊ (၇)မိနစ်အချိန်ခန့်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၆) မိုင်ခန့်ကွာဝေးသော စဥ့်ကိုင်မြို့၏ အရှေ့မြောက်ဘက်(၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
“မန္တလေးဘက်မှာတော့ နည်းနည်းလှုပ်တယ် နှစ်ခါလှုပ်သွားတာ။ (၁၂ နာရီ ၇ မိနစ်)နဲ့ (၁၂ နာရီ ၈ မိနစ်)ပေါ့။ ဒုတိယတစ်ခါလှုပ်တာက နည်းနည်းသိသာ တယ်။ စစ်ကိုင်းဘက်မှာလည်း လှုပ်တယ်ကြားတယ်။ အရမ်းကြီး မသိသာဘူးလို့တော့ ပြောတယ်” ဟု မန္တလေးမြို့တွင်နေထိုင်သူတစ်ဦးက NP News ကိုပြောသည်။
၎င်းငလျင်သည် စဥ့်ကိုင်မြို့၏(၄)မိုင်ခန့်အကွာ မြောက်တ္တီတွဒ်(၂၁ ဒသမ ၇၈)ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၁၃) ဒီဂရီ၊ အနက်(၁ဝ) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ပြီး အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၅) အဆင့်ရှိသော အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးဇလမှဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကလည်း တံတားဦးမြို့ကို ဗဟိုပြု၍ အင်အား(၅ ဒသမ ၂)အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက်မဏိရတနာ ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော်မြေခခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အရေး တင်းမာမှုအရှိန်မြင့်တက်နေတာတွေကို စိုးရိမ်မိပြီး ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းဖို့ အာဆီယံအဖွဲ့ တောင်းဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း