အမေရိကန်နိုင်ငံရှိ တွားသွားတိရစ္ဆာန်ရုံတွင် အလွန်ရှားပါးသည့် အဖြူရောင်မိကျောင်းတစ်ကောင် မွေးဖွား
Pika (NSS) - ဒီဇင်ဘာ ၁၂
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ တွားသွားတိရစ္ဆာန်ရုံတွင် အလွန်ရှားပါးသည့် အဖြူရောင်မိကျောင်းတစ်ကောင် (leucistic alligator) မွေးဖွားခဲ့ကြောင်း သိရသည်။
(၁၉ ဒသမ ၂) လက်မအရွယ်ရှိသော အဖြူရောင်မိကျောင်းအမသည် တွားသွားတိရစ္ဆာန်ရုံတွင် မွေးဖွားခဲ့ပြီး လူသိနည်းသော leucistic မိကျောင်းများထဲမှ တစ်ကောင်အဖြစ် သမိုင်းမှတ်တမ်းစာအုပ်တွင် မှတ်တမ်းဝင်ခဲ့ ကြောင်း Gatorland တိရစ္ဆာန်ရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
Gatorland တိရစ္ဆာန်ရုံ၏ စီအီးအိုနှင့် ဥက္ကဋ္ဌဖြစ်သူ Mark McHugh က "ဒါက တကယ်ကို ရှားပါးတဲ့မွေးဖွားမှု တစ်ခုပါ။ ဒါက တကယ်ကို ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါပဲ" ဟု ပြောခဲ့သည်။
၁၉၈၇ ခုနှစ်တွင် လူဝီစီယားနားပြည်နယ်ရှိ ရေကန်များတွင် တွေ့ရှိခဲ့သော leucistic မိကျောင်းအသိုက်များမှ ဆင်းသက်လာသော မိကျောင်းကို အမည်ပေးရန်အတွက် Mark McHugh က ပြည်သူလူထုကို အကူအညီတောင်းခံခဲ့ကြောင်းလည်း သိရသည်။
အဆိုပါမိကျောင်းအမသည် အဖြူရောင်ဖြစ်နေသည့်အပြင် မျက်လုံးအပြာရှိကြောင်းလည်း သိရသည်။ လူဝီစီယား နားပြည်နယ်ရှိ အသိုက်မှ ကျန်ရှိသော မိကျောင်း(၇)ကောင်အနက် (၃)ကောင်သည် Gatorland တိရစ္ဆာန်ရုံတွင်ရှိကြောင်း Mark McHugh က ပြောကြားခဲ့သည်။
leucistic မိကျောင်းများသည် အမေရိကန်ရှိ မိကျောင်းများထဲတွင် အရှားပါးဆုံး မျိုးရိုးဗီဇကွဲလွဲနေသည့် မိကျောင်းများဖြစ်ကြောင်းလည်း သိရသည်။ leucistic မိကျောင်းများသည် ပန်းရောင်မျက်လုံးများရှိသည့် အဖြူရောင် albino မိကျောင်းများနှင့်မတူဘဲ ကွဲပြားမှုများရှိကြောင်း Gatorland တိရစ္ဆာန်ရုံတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
Mark McHugh က "လက်ရှိအချိန်မှာ ဒီရှားပါးမိကျောင်းတွေရဲ့ကျန်းမာရေးနဲ့ ကြီးထွားမှုနှုန်းတွေကို အနီးကပ်စောင့်ကြည့်နိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့နေရာမှာ ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းထားပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုးသွင်းဒဏ်ရာ(၁၀)ချက်ကျော်ဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းကို အင်းစိန်မြို့နယ်အတွင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း