ထိုးသွင်းဒဏ်ရာ(၁၀)ချက်ကျော်ဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းကို အင်းစိန်မြို့နယ်အတွင်းတွေ့ရှိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာ(၁၀)ချက်ကျော်ဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့(ဒီဇင်ဘာလ ၁၂ ရက်)၊ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ ရေမြောင်းအစပ်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ကို အနားကလူတွေက ဖုန်းဆက်အကြောင်းကြားတော့မှ ကျွန်တော်တို့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်ယူပြီး အလောင်းသွားကောက်ခဲ့တာပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက်(၆၀)နှစ်အရွယ် ဦးသက်နိုင်ဖြစ်ပြီး ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာ (၁၀)ချက်ကျော်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အင်းစိန်ဆေးရုံပို့တော့ သူရဲ့နာမည်နဲ့ အသက်က အရင်ကဆေးလာပြဖူးတဲ့ မှတ်တမ်းကနေ သိရတာ။ ဦးခေါင်းမှာလဲ အထိုးခံရလို့ပေါက်ပြဲနေတာတွေ့တယ်။ ဘယ်/ညာ နံကြားထဲမှာလဲ ထိုးသွင်းဒဏ်ရာ (၅)ချက်။ လည်းပင်းမှာဆို (၃)ချက်နဲ့ ဘယ်ဘက်ပေါင်မှာ တစ်ချက်တွေ့တယ်။ ဓားမဟုတ်ဘူး။ ဝက်အူလှည့်လိုအရာနဲ့ထိုးခံရတာ။ မိသားစုနဲ့ အဆက်သွယ်ရဖို့လုပ်နေတုန်းပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသား၏ရုပ်အလာင်းအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သောရက်ပိုင်းအတွင်း၌ အင်းစိန်လူမိုက်ဟုလူသိများသည့် ဦးကျော်ဝင်းစိန်သည်လည်း ကြည်မြင့်တိုင်မြို့နယ်တွင် အုပ်စုလိုက်ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်ရငွေဖြေလျော့ပေးမှုကြောင့် ပြည်ပသို့ပဲတင်ပို့မှု သည် ယခင်ထက်ပိုမိုများပြားလာနိုင်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း