ကျောက်ဆည်၌ ဆီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ 92၊ 95 ဆီဂါလံပေါင်း (၈ဝဝဝ) မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီး လမ်းဘေးထိုးကျမီးလောင်မှုဖြစ်ပွားခဲ့ရာ 92၊ 95 ဆီဂါလံပေါင်း (၈ဝဝဝ) မီးလောင် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၈ ရက်)၊ နံနက် ၇ နာရီ ၄ဝ မိနစ်အချိန်တွင် ကျောက်ဆယ်မြို့၊ မြို့ရှောင်လမ်းပေါ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆီဘောက်ဆာကားက ရန်ကုန်ကနေ မြစ်ကြီးနားကို သွားတဲ့ကားပါ။ ကားက အရှိန်လွန်ပြီးနောက်တွဲက စမှောက်တာ။ အဲဒီကနေ ဆီဘောက်ဆာက ဆီတွေ ယိုပြီး မီးလောင်တာပေါ့” ဟု ကျောက်ဆည်မြို့နယ် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဆီသယ်ယာဉ်မီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆီသယ်ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးသွားခဲ့ သည့်အပြင် မြစ်ကြီးနားမြို့သို့ သယ်ဆောင်လာသည့် 92နှင့်95ဆီဂါလံပေါင်း (၈ဝဝဝ) မီးလောင်ဆုံးရှုံးသွားခဲ့ ကြောင်း သိရသည်။
ထို့နောက် ၎င်းဆီသယ်ယာဉ်မီးလောင်မှုဖြစ်စဉ်အား ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်၊ စဉ့်ကိုင်မြို့နယ်မီးသတ် နှင့် တံတားဦးမြို့နယ် မီးသတ်တပ်ဖွဲ့များက (၂)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ နန်းတော်ကုန်း ကျေးရွာအနီး၊ ပဲခူးမြို့ရှောင်လမ်းရှိ မိုင်တိုင်အမှတ်(၃၃/၄)တွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခေတ်မီစစ်လက်နက်များကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲ၏ ပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင်ပြင်ဆင်ထားရန် တပ်ချုပ် သတိပေး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း