Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစက ဥက္ကဋ္ဌအား ရုရှားသမ္မတက Order of Alexander Nevsky ဘွဲ့တံဆိပ်ချီးမြှင့်

ကျော် (NSS) - ဒီဇင်ဘာ ၆

နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က Order of Alexander Nevsky ဘွဲ့တံဆိပ်အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘွဲ့တံဆိပ်အား နစက ဥက္ကဋ္ဌထံ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) မွန်းလွဲပိုင်းက ရုရှားနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV မှ နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချီးမြှင့်အပ်နှင်းပွဲ၌ လုံခြုံရေးကောင်စီအတွင်း ရေးမှူး Mr. Nikolai PATRUSHEV က ရုရှားနိုင်ငံနှင့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုးတိုး တက်ရေးအတွက် တန်ဖိုးကြီးမားသောကြိုးပမ်းမှုများဆောင်ရွက်ပေးခဲ့၍ နစက ဥက္ကဋ္ဌအား Order of Alexander Nevsky ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နစက ဒု-ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုလည်း ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က Order of Friendship ဘွဲ့တံဆိပ်ကိုချီးမြှင့်ခဲ့ ကြောင်း သိရသည်။

"ရုရှားနဲ့မြန်မာချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုနီးကပ်ခိုင်မာအောင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့လို့ ဒီဘွဲ့တံဆိပ်တွေ ပေးအပ်ခြင်းဖြစ်ပါတယ်။ အချိန်နှစ်နာရီနီးပါးကြာတဲ့ဆွေးနွေးမှုတွေလည်းလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ စွမ်းအင်လျှပ်စစ်ကဏ္ဍတွေကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်"ဟု နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် နစက ဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့သည် နိုင်ငံတကာရေးရာများနှင့်အာဆီယံရေးရာများ၊ နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်နေမှုတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မြန်မာ-ရုရှားနှစ်နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင် ရွက်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်ကြား ရေတပ်လေ့ကျင့်ခန်းအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊ လေကြောင်းတိုက်ရိုက်ပျံသန်းမှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ကုန်သွယ်မှုနှင့်သံမဏိထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံအတွက် အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရမှုအရှိဆုံးနဲ့ခိုင်မာမှုအရှိဆုံးနိုင်ငံလို့ သတ်မှတ်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ရုရှား-မြန်မာနှစ်နိုင်ငံပူးပေါင်းဆက်ဆံရေး၊ ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးကိစ္စတွေကို ရှေ့ဆက်တိုးတက်အောင်ဆောင်ရွက်သွားမှာပါ"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အလားတူ ရုရှားနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr Nikolai PATRUSHEV ကိုလည်း စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့အား နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်စစ်သားတွေသေဆုံး၊ ဒဏ်ရာရခြင်းအပေါ် စိုးရိမ်မှုဖြစ်ရကြောင်း အမေရိကန်အစိုးရပြော

RELATED POSTS
RECENT POSTS
အကြောတင်းတင်းနဲ့ ထုတ်ပြန်လာတဲ့ TNLA ရဲ့ ထုတ်ပြန်ချက်၊ UWSA "၀" ကို ရက် သတ်မှတ်ပေးလိုက်တဲ့ ထိုင်း တပ်မတော်၊ မုံရွာနဲ့ ချောင်းဦးက PDF တွေ အလင်းဝင်စေဖို့ ပြည်ပြေးခေတ်သစ်တို့က ထပ်ဆင့်လှုံ့ဆော်ပေးနေ၊ မတ္တရာ-စဥ့်ကူး-သပိတ်ကျင်း လမပိုင်း ယာယီပိတ်တဲ့ မန္တလေး PDF (၂၅-၁၁-၂ဝ၂၄)
25 Nov 2024
နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ထုတ်ပြောလာ
25 Nov 2024
ပခုက္ကူမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦး အိမ်သာအတွင်း မြွေကိုက်ခံရ၍ သေဆုံး
25 Nov 2024
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
25 Nov 2024
အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
25 Nov 2024
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved