လင်မယားနှစ်ဦးကို PDF များက နေအိမ်အတွင်းမှဖမ်းဆီးခေါ်ဆောင်ပြီး လမ်းဘေး၌ပစ်သတ်ခဲ့မှု မြင်းခြံမြို့နယ်တွင်ဖြစ်ပွား
ကျော် (NSS) - ဒီဇင်ဘာ ၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာရှိ လင်မယားနှစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က PDF အဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာရှိ ဦးသန်းဇော်(၄၇)နှစ်၏ နေအိမ်သို့ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီးနောက် နေအိမ်၌ရှိနေသည့် ဦးသန်းဇော်နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်း (၅၀)နှစ်တို့အား ဖမ်းဆီးကာ နေအိမ်ရှေ့လမ်းပေါ်တွင် သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
"ဒလန်လို့စွပ်စွဲပြီး ပစ်သတ်သွားတာလို့သိရတယ်။ သူတို့ လင်မယားနှစ်ယောက်မှာက အသက်(၈)နှစ်အရွယ် သမီးလေးတစ်ယောက်ကျန်ခဲ့တယ် ကလေးရှေ့မှာတင်ဖမ်းခေါ်သွားပြီး ပစ်သတ်ခဲ့ကြတာ"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် PDF အဖွဲ့ဝင်များသည် နေအိမ်ရှိ ဆိုင်ကယ် ၂ စီး၊ ငွေ နှင့် ရွှေထည်ပစ္စည်းများအားယူဆောင်၍ မောင်းနှင်ထွက် ပြေးသွားခဲ့ကြကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်တွင် ဘယ်နားထင်ကျည်ဖောက်ဝင်၊ ညာလည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ညိုညိုစန်းတွင် ဘယ်လည်ပင်းကျည်ဖောက်ဝင်ဒဏ်များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစက ဥက္ကဋ္ဌအား ရုရှားသမ္မတက Order of Alexander Nevsky ဘွဲ့တံဆိပ်ချီးမြှင့်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း