ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်းစစ်တပ်ကို တိုက်ရိုက်ထိန်းချုပ်ဖို့ စီစဉ်နေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၅
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားနိုင်ငံအပေါ် တိုက်ခိုက်နေတဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေ အောင်မြင်မှုမရတဲ့အတွက် စစ်တပ်ကို တိုက်ရိုက်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြောင်း Pravda သတင်းဌာနက ဖော်ပြထားပါတယ်။
ယူကရိန်းသမ္မတဟာ ယူကရိန်းစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Valery Zaluzhny ထံကနေ စစ်တပ်ကို တိုက်ရိုက် ထိန်းချုပ်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေ မအောင်မြင်တဲ့အတွက် ယူကရိန်းသမ္မတ နဲ့ ယူကရိန်းစစ်ဦးစီးချုပ်ကြား သဘောထားအမြင်ကွဲလွဲမှုတွေဖြစ်လာခဲ့ပြီး တင်းမာမှုအအခြေနေတွေကို ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတဟာ ယူကရိန်းကြည်းတပ် တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး Aleksandr Syrsky၊ ယူကရိန်းလေတပ် ဗိုလ်ချုပ်ကြီး အပါအဝင် ယူကရိန်းစစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေကို တိုက်ရိုက်ဆက်သွယ်ဖို့ ကြိုးပမ်းနေ ကြောင်း သိရပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ဇွန်လကတည်းက ရုရှားနိုင်ငံအပေါ် ကြီးမား တဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အောင်မြင်မှုမရဘဲဖြစ်နေကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတဟာ စစ်ပွဲအနိုင်မရတာနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ဘက်ခေါင်းဆောင်တွေကို ဖိအားပေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ယူကရိန်းသမ္မတဇီလန်စကီးဟာ လူထုထောက်ခံမှုပိုင်းမှာ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်လောက် ထောက်ခံမှုမရကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
ယူကရိန်းဟာ တန်ပြန်ထိုးစစ်ဆင်မှု မအောင်မြင်တဲ့အတွက် အနောက်အုပ်စုနိုင်ငံအချို့ဟာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးဖို့ လိုလားခြင်းမရှိဘဲဖြစ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရကတော့ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီတွေ ဆက်လက်ကူညီထောက်ပံ့ပေးဖို့ စီစဉ် နေကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ လာမယ့် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ဆိုရင် ၂ နှစ်ပြည့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးဆွေးနွေးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၅ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း