Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘီလာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် ထုတ်ဖော်ပြောကြား

Pika (NSS) - ဒီဇင်ဘာ ၄

တရုတ်နိုင်ငံသည် ဘီလာရုစ်နိုင်ငံနှင့် ၎င်း၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာလာစေအောင်လုပ်ဆောင်ရန်အတွက် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောကြားခဲ့သည်။


ရှီကျင့်ဖျင်သည် ဒီဇင်ဘာလ(၄)ရက်တွင် ဘီလာရုစ်သမ္မတလူကာရှန်ကိုနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ကဲ့သို့သော နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများတွင် ဘီလာရုစ်နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က ထပ်မံပြောခဲ့သည်။


ထို့အပြင် နှစ်နိုင်ငံစလုံးသည် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လွယ်ကူစေရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန်အတွက် လုပ်ဆောင်သင့်သည်ဟု တရုတ် သမ္မတရှီကျင့်ဖျင်က ဘီလာရုစ်သမ္မတလူကာရှန်ကို ကို ပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ဘီလာရုစ်နှစ်နိုင်ငံ စလုံးသည် တရုတ်-ဘီလာရုစ်စက်မှုဇုန်ကဲ့သို့သောစီမံကိန်းများကို အကောင်အထည် ဖော်သင့်ပြီး စက်မှုလုပ်ငန်းနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ရှီကျင့်ဖျင်က ထပ်မံပြောခဲ့သည်။

လူကာရှန်ကို က "ဘီလာရုစ်နိုင်ငံဟာ တရုတ်နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ပြီး တရုတ်နိုင်ငံနဲ့ မိတ်ဆွေဖြစ်ဖို့ အရင်တည်းက ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ကြားက ခင်မင်မှုဟာ နှစ်ပေါင်း(၃ဝ)ကျော်ကြာပြီဖြစ်ပြီး ဒီလမ်းကြောင်းကနေ ဘယ်တော့မှ သွေဖယ်သွားတာမျိုးမရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။


ရှီကျင့်ဖျင် က "ဘီလာရုစ်နိုင်ငံရဲ့အခြေအနေတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တရုတ်နိုင်ငံဟာ ဘီလာရုစ်နိုင်ငံကို အပြည့်အဝထောက်ခံပါတယ်။ပြီးတော့ ဘီလာရုစ်နိုင်ငံ ပြည်တွင်းရေးကို ပြည်ပ အင်အားစုတွေက ဝင်ရောက်စွက်ဖက်တာမျိုးကို တရုတ်နိုင်ငံက ဆန့်ကျင်ပါတယ်။ တရုတ်နိုင်ငံဟာ ဘီလာရုစ် နိုင်ငံနဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာလာအောင် လုပ်ဆောင်ဖို့၊ အချင်းချင်း အခိုင်အမာထောက်ခံအားပေးဖို့နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင်ဖို့ ဆန္ဒရှိပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သရေကျခဲ့သောပွဲတွင် စပါးအသင်းကစားသမားအချို့၏ ခြေစွမ်းများကို အထင်ကြီးမိကြောင်း မန်စီးတီးနည်းပြ ထုတ်ဖော်ပြော

RECENT POSTS
လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုအကြိမ်ကြိမ်ကျူးလွန်ခဲ့သူနှင့် သက်သေခံပစ္စည်းများ လက်ခံဝယ်ယူခဲ့သူတို့ကို ဖမ်းဆီးရမိ
25 Nov 2024
ဖလမ်းမြို့ခံများကို အကြမ်းဖက်များက မြို့တွင်းမှမောင်းထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေဟု ဒေသခံများ ဆို
25 Nov 2024
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved