ပဲခူးမြို့တွင် အုပ်စုဖွဲ့ဆိုင်ကယ်ခိုးနေသူများကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် အုပ်စုဖွဲ့ဆိုင်ကယ်ခိုးနေသူများကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၃ ရက်)၊ ည ၂ နာရီအချိန်တွင် ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်တွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဆိုင်ကယ်ခိုးတဲ့ အဖွဲ့က (၂)ရက် ၊ (၃)ရက်ရှိပြီ လာချောင်းနေတာ။ သူတို့ကအုပ်စုဖွဲ့လာတာ (၄) ယောက်ပေါ့။ ခုဖမ်းမိတဲ့လူက အိမ်တစ်အိမ်မှာကပ်နေတုန်း ရပ်ကွက်ထဲကလူတွေကတွေ့တော့ သူက ထွက်ပြေးတာ။ အဲဒီမှာ ခလုပ်တိုက်ပြီး လဲသွားလို့ ဖမ်းမိတာ"ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် အမျိုးသားသည် ပဲခူးမြို့(၃၈)လမ်းတွင်နေထိုင်သည့် အသက်(၂၀)ဝန်းကျင်လူငယ်ဖြစ်ပြီး ၎င်းနှင့်အတူ ဖောက်ထွင်းရာ၌အသုံးပြုမည့် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ရပ်ကွက်ထဲမှာတင် အခိုးခံရတာများနေပြီ။ အရင်ကဆို ဆိုင်ကယ်တွေရော ပိုက်ဆံတွေရော အခိုးခံရတာ။ ခုတောင် သတင်းထပ်ကြားတာ အဖွဲ့က(၅)ယောက်အဖွဲ့တဲ့။ အဲဒီထဲက ခုတစ်ယောက် အပါဝင်ဆို (၂)ယောက်မိပြီလို့သိရတယ်။ အဲဒီအဖွဲ့က ရပ်ကွက်တွေထဲလည်ပြီး ဖုန်းတွေဆိုင်ကယ်တွေ ပိုက်ဆံတွေပါခိုးတာ။ သူတို့ခိုးရင်လဲ ယိုးဒယားဘီးလို ဈေးကြီးတဲ့ဘီးတွေပဲရွေးခိုးတာများတယ်"ဟု ၎င်းက ဆက် လက်ပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူ(၂)ဦးအား ပဲခူးမြို့အမှတ်(၁)ရဲစခန်းတွင် ဥပဒေနှင့်အညီအရေးယူထားပြီး အုပ်စုဖွဲ့ခိုးယူမှုကျူးလွန်သည့် အဖွဲ့အား ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲတွင် အနိုင်မရသော်လည်း ယူကရိန်းဘက်မှ ဆက်ရပ်တည်ပေးရန် နေတိုးအဖွဲ့အကြီးအကဲ တိုက်တွန်း တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း