အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ်ကလေးငယ်(၁၆ဝ)ခန့် သေဆုံးနေရကြောင်း WHO ပြော
Pika (NSS) - နိုဝင်ဘာ ၂၂
ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ်ကလေးငယ်(၁၆ဝ)ခန့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ ကလေးငယ်များသေဆုံးမှု အရေအတွက်မှာ ပိုမိုတိုးမြင့်လာနိုင်ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ UNICEF ကလည်း သတိပေးပြောဆိုထားသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင် ပစ်ခတ်တိုက်ခဲ့ပြီး အစ္စရေးဖက်မှ လူ(၁၄ဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် အစ္စရေးဖက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကလေးငယ်(၅၆ဝဝ)ဦး အပါအဝင် ပါလက်စတိုင်းနိုင်ငံသား (၁၃၃ဝဝ)ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ UNICEF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်အဲလ်ဒါး က "ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ကလေးငယ်တွေ အတွက် သောက်သုံးရေနဲ့ မိလ္လာစနစ်တွေ မလုံလောက်တာမျိုးနဲ့ ကန့်သတ်ခံရတာမျိုးတွေ ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့ဟာ ကြေကွဲဖွယ်ကောင်းတဲ့ ကလေးသူငယ်သေဆုံးမှုတွေ တိုးမြင့်လာတာကို တွေ့မြင်ရတော့မှာပါ" ဟု ပြောခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူ(၂ ဒသမ ၄) သန်းအနက် (၁ ဒသမ ၇) သန်းကျော်မှာ အခြားသောနယ်မြေ များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရပုံပေါ်ပြီး ၎င်းတို့အနက်မှ ထက်ဝန်ခန့်နီးပါးမှာ ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာလ(၂၁)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါရွှေ့ပြောင်းနေထိုင်သူများထဲမှ (၉)သိန်းနီးပါးသည် ပါလက်စတိုင်းဒုက္ခသည်များကို ထောက်ခံသည့် ကုလသမဂ္ဂအေဂျင်စီ UNRWAက ပြုလုပ်ပေးထားသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြကြောင်းလည်း သိရသည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု မတွေ့ရှိရသေးကြောင်း UNICEF က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါရောဂါဖြစ်ပွားလာမည်ဆိုပါက ဂါဇာကမ်းမြောင်ဒေသတွင်ကလေးသူငယ်များ သေဆုံးမှု အရေအတွက် အဆမတန်မြင့်တက်လာနိုင်ကြောင်း UNICEF က သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း၏ လက်ရှိအစိုးရနှင့် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ