ယူကရိန်း၏ လက်ရှိအစိုးရနှင့် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၃
ယူကရိန်း၏ လက်ရှိအစိုးရနှင့် အတူယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်ကြောင်း ရုရှားအစိုးရက နိုဝင်ဘာလ(၂၁)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားအစိုးရသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများကို စတင် လုပ်ဆောင်ခဲ့ပြီး ရုရှားနှင့်အနောက်အုပ်စုနိုင်ငံများကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ရသည်။ ရုရှားသည် ၂ဝ၁၄ ခုနှစ်က သိမ်းယူခဲ့သော ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် ယူကရိန်း၏ နိုင်ငံတကာအသိအမှတ်ပြု နယ်မြေ (၁၇ ဒသမ ၅) ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်းလည်း သိရသည်။
ယူကရိန်းသည် ပြီးခဲ့သည့်ဇူလိုင်လတွင် ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများကို လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ အချိန်အထိ သိသာသောရလဒ်များထွက်ပေါ်ခြင်းမျိုးမရှိခြင်းမျိုးဖြစ်သည်။
ရုရှားသံအမတ်ကြီး Rodion Miroshnik က "ယူကရိန်းရဲ့လက်ရှိအစိုးရဟာ အဆိပ်သင့်နေတာပါ။ ဒီအချိန်မှာ ယူကရိန်းနဲ့အတူ ယှဉ်တွဲနေထိုင်နိုင်မယ့်ရွေးချယ်စရာတွေကို ကျွန်တော်တို့ မမြင်မိသေးပါဘူး" ဟု ပြောခဲ့သည်။ ထို့အပြင် နေတိုးအဖွဲ့သည် ယူကရိန်းကို တားမြစ်ထားသောလက်နက်များ ထောက်ပံ့ပေးနေပြီး ယူကရိန်းသည် အရပ်သားများအပေါ် ရာဇဝတ်မှုများကျူးလွန်ကာ လူ့အခွင့်အရေးများကို ချိုးဖောက်ခဲ့ကြောင်း Rodion Miroshnik က အခိုင်အမာပြောခဲ့သည်။
ရုရှားသည် ယူကရိန်းတွင် စစ်ရာဇဝတ်မှုများကျူးလွန်နေကြောင်း အနောက်အုပ်စုနိုင်ငံများနှင့် ယူကရိန်း အစိုးရတို့က စွပ်စွဲပြောဆိုခဲ့သော်လည်း အဆိုပါပြောဆိုချက်များကို ရုရှားဖက်က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် အနောက်အုပ်စုနိုင်ငံများအနေဖြင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးခြင်းမျိုး မလုပ်ဆောင် ရန် ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့ပြီး အဆိုပါလုပ်ရပ်မှာ ပဋိပက္ခကို ပိုမိုရှည်ကြာအောင် လုပ်ဆောင် နေခြင်းမျိုးဖြစ်သလို သွေးထွက်သံယိုမှုများကိုသာ ပိုမိုဖြစ်ပွားလာစေမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားထံမှ စစ်ရေးအရ ခြိမ်းခြောက်မှုများကို မမြင်မိကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ