မက္ကဆီကိုနိုင်ငံတွင် နှစ်ထပ်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၅)ဦးသေဆုံးကာ အခြားလူ (၅ဝ) ကျော် ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - နိုဝင်ဘာ ၂၂
မက္ကဆီကိုနိုင်ငံ ပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သော Veracruz ပြည်နယ်ရှိ အဝေးပြေးလမ်းမတစ်ခု တွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၅)ဦးသေဆုံးကာ အခြားလူ(၅၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ(၂၁)ရက်တွင် အတည်ပြုခဲ့သည်။
Veracruz ပြည်နယ်မြို့ပြကာကွယ်ရေး အတွင်းဝန်ရုံး၏အဆိုအရ အဆိုပါနှစ်ထပ်ဘတ်စ်ကားသည် တံတားတစ်ခု ၏ အောက်ခြေတိုင်များထဲမှ တစ်ခုကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါနှစ်ထပ်ဘတ်စ်ကား တိမ်းမှောက်ရသည့် အကြောင်းအရင်းများကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊
နှစ်ထပ်ဘတ်စ်ကားတိမ်းမှောက်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့အများအပြားသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။ ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။အာဏာပိုင်များသည် အဆိုပါနှစ်ထပ် ဘတ်စ်ကား၏ အပျက်အစီးများကို ရှင်းလင်းဖယ်ရှားရန် ဆက်လက်လုပ်ဆောင်နေပြီး အဝေးပြေးလမ်းမကြီးကို ဆက်လက်ဖြတ်သန်းသွားလာခွင့်ပြုထားဆဲဖြစ်ကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံ၏ ယာဉ်မတော်တဆမှုအရေအတွက်သည် ကမ္ဘာတစ်ဝန်းတွင် အဆင့်(၇)နေရာမှာရှိနေပြီး လက်တင်အမေရိကဒေသတွင် အဆင့်သုံးနေရာမှာရှိနေကြောင်း Federal Roads and Bridges and Related Services အေဂျင်စီ၏ အဆိုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် လုပ်ခလစာ(၂)လစာခန့်မရရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာလုပ်သား ၂၃၇ ဦးကို မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပေးနေ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း