အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံတွင် ကားလမ်းဖြတ်ကူးသည့် သားအမိ(၂)ဦး ကားတိုက်ခံရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံတွင် ကားလမ်းဖြတ်ကူးသည့် သားအမိ(၂)ဦးအား ကုန်ကားမှဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(နိုဝင်ဘာလ ၁၈ ရက်)၊ ညနေ ၃နာရီ ၂၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံ၊ သီရီမင်္ဂလာလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သားအမိ(၂)ဦးက တညင်းကုန်းလမ်းဆုံမှာ ကားလမ်းဖြတ်ကူးနေတုန်း ကုန်ကားက အရှိန်လွန်ပြီး ဝင်တိုက်မိတာပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၃၀)နှစ်အရွယ်အမျိုးသမီးတွင် ဦးခေါင်းအတွင်းကြေဒဏ်ရာ၊ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)နှင့် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦးတွင် ညာခြေကျိုးနှင့် ဦးခေါင်းထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။
“ကလေးကယောက်ျားလေးပါ။ ညာခြေထောက်ကျိုးသွားတယ်။ ခေါင်းနည်းနည်းကွဲသွားတယ်။ မစိုးရိမ်ရပါဘူး။ အမျိုးသမီးကတော့ သတိကရတစ်ချက်၊မရတစ်ချက်နဲ့ဆိုတော့ စိုးရိမ်ရတဲ့အခြေအနေပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည် သားအမိ(၂)ဦးအနက် စိုးရိမ်ဖွယ်အမျိုးသမီးကို ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်အားတွဲလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုရှယ်မီဒီယာဖြစ်တဲ့ X မှာ Disney၊ Warner Bros တို့က ကြော်ငြာထည့်သွင်းခြင်း ရပ်ဆိုင်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း