ကော့ကရိတ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် (၇)ရက်အတွင်း ထွက်ခွာသွားရန် KNU ခြိမ်းခြောက်
မြူနစ် (NSS) - နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် (၇)ရက်အတွင်း ထွက်ခွာသွားရန် KNU ဘက်က သတိပေးခြိမ်းခြောက်ထားသည်။
KNU ကော့ကရိတ်မြို့နယ်၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)က ယမန်နေ့(နိုဝင်ဘာလ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့ နှင့် ဝေါ်လေမြိုင်မြို့ရှိ တပ်မတော်၏ အုပ်ချုပ်ရေးအောက် ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ထွက်ခွာသွားရန် အကြိမ်ကြိမ်သတိပေးပြီးဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ယခုစာထုတ်ပြန်သည့် နိုဝင်ဘာလ ၁၇ ရက်မှစ၍ (၇)ရက်အတွင်း မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရန်လည်း နောက်ဆုံးအကြိမ် သတိပေးသည်ဟု KNU ဘက်က ခြိမ်းခြောက်ထားသည်။
လိုက်နာဆောင်ရွက်ခြင်းမရှိပါက နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း KNU က အသိပေးထားသည်။
ပြီးခဲ့သောကာလများအတွင်း၌လည်း ကရင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ထွက်ခွာသွားရန် သတိပေးခြိမ်းခြောက်မှုများ ရှိခဲ့ဖူးသည်။
မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့များရှိ အစိုးရဌာနဆိုင်ရာရုံးများကို လက်နက်ကိုင်အဖွဲ့အစည်းများသည် Drop ဗုံးများအပါအဝင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံတွင် ကားလမ်းဖြတ်ကူးသည့် သားအမိ(၂)ဦး ကားတိုက်ခံရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ