ဗိုလ်တထောင်မြို့နယ်ရှိ ငါးလုပ်ငန်းကုမ္ပဏီတစ်ခုကို အမျိုးသား(၆)ဦးက ဓားများကိုင်ဆောင်ပြီး ဓားပြဝင်တိုက်မှုဖြစ်ပွား
NSS - နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ငါးလုပ်ငန်းကုမ္ပဏီတစ်ခုကို အမျိုးသား(၆)ဦးက ဓားများကိုင်ဆောင်ပြီး ဓားပြဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဓားပြတိုက်မှုဖြစ်စဉ်သည် ယမန်နေ့(နိုဝင်ဘာလ ၁၇ ရက်)၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ၄၃ လမ်းရှိ L & Z ငါးလုပ်ငန်း ကုမ္ပဏီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီတွင်းသို့ Mask တပ်ထားသည့် အမျိုသား(၆)ဦးက ဓားများကိုင်ဆောင်ဝင်ရောက်လာကာ ရုံးဝန်ထမ်းအမျိုးသား(၂)ဦး၏ မျက်နှာနှင့် ပါးစပ်တို့ကို တိပ်ဖြင့်ပိတ်ပြီး လက်များကို ကြိုးတုတ်ချည်နှောင်၍ ငွေကျပ်သိန်း(၆၃၀)ခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်များနှင့်ပတ်သက်၍ ငွေရေးကြေးရေး အလုံအလောက်ရှိကြောင်းကို အာမခံဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း