ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံး အပစ်ခတ်ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေးရန် ထပ်မံတိုက်တွန်း တောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရန် နှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်အစိုးရက နိုဝင်ဘာ ၁၄ ရက်တွင် ထပ်မံတိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်သည် နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မာအိုနင်က "မြန်မာနိုင်ငံမြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အလွန်မင်း စိုးရိမ်မှုဖြစ်နေရပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ ပြန်လည်ရရှိစေဖို့ လက်တွေ့ကျပြီး ထိထိရောက်ရောက် အရေးယူဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်" ဟု ပြောသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့များသည် မြန်မာ့ တပ်မတော်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာမှ တိုက်ပွဲများဖြစ်လာခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နှင့် မြန်မာ နိုင်ငံကြားဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းကို ပိတ်ဆို့ထားကြောင်း သိရသည်။
အဆိုပါလက်နက်ကိုင်ပဋိပက္ခများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်နေထိုင်သည့် လူပေါင်းသောင်းချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ ချင်းပြည်နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တပ်မတော်သားများ အပါအဝင် မြန်မာနိုင်ငံသား ၅ဝဝဝ ကျော် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာမှုတွေလည်း ရှိခဲ့ကြောင်း သိရသည်။
မာအိုနင် က "ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တင်းမာမှုတွေ ပိုမိုဖြစ်လာမယ့်အခြေအနေတွေကို ရှောင်ရှားနိုင်အောင် အပစ်ခတ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးမှုတွေ၊ အမြန်ဆုံးလုပ်ဆောင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုပါတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရန်ကုန်၊ မော်လမြိုင်၊ ပြည် အထူးရထားများ ပြေးဆွဲမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း